ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၃) ကြိမ်မြောက် စီးပွားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် (၁၃) ကြိမ်မြောက် အမြဲတမ်းကော်မတီ အဖွဲ့ဝင် H. E. Mr. Shang Fulin အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၃) ကြိမ်မြောက် စီးပွားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် (၁၃) ကြိမ်မြောက် အမြဲတမ်းကော်မတီ အဖွဲ့ဝင် H. E. Mr. Shang Fulin အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်ပြည်သူ့  နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၃) ကြိမ်မြောက် စီးပွားရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် (၁၃) ကြိမ်မြောက် အမြဲတမ်း ကော်မတီအဖွဲ့ဝင် H. E. Mr. Shang Fulin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေးမှ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စီးပွားရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူအချင်းချင်း အပြန်အလှန် ပေါင်းကူးဆက်သွယ် ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ၊ ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်

Standard (Image)