ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် Food and Agriculture Organization (FAO) အဖွဲ့အစည်းအား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ FAO ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးနည်းပညာသစ်များအား တောင်သူလယ်သမားများသိရှိ နိုင်ရေးနှင့် အသုံးချနိုင်ရေးအတွက် သင်တန်းများပို့ချပေးခြင်း စသည့်ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်
Standard (Image)
