ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Zonshine အား လက်ခံ တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Zonshine အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အစ္စရေး-မြန်မာ နှစ်နိုင်ငံကြား လွှတ်တော်အချင်းအချင်း ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ သတင်းအချက်အလက်နည်းပညာ(ICT) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မေလ ၃၁ ရက်

Standard (Image)