ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် The World Bank မှ Smita Wagh ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် သည် The World Bank မှ Smita Wagh ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ  ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာ၊ ပွင့်လင်း ခေတ်မီသော ငွေကြေးစနစ် ပြောင်းလဲရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံအား အကူအညီပေးမည့် ချေးငွေဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မေလ    ၃၁   ရက်

 

 

.

 

 

 

Standard (Image)