ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် ကုလသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးအပ်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကုလသမဂ္ဂအနေဖြင့် အကူအညီပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများနှင့် ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၈ ခုနှစ်၊ မေလ ၃၁ ရက်
Standard (Image)
