ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Telenor Myanmar Limited မှ Mr.Hans Henrichsen ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Telenor Myanmar Limited မှ Mr.Hans Henrichsen ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Telenor Myanmar ၏ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်လွှမ်းခြုံမှု အခြေအနေ၊ 4G Network ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် အစိုးရမှ Regulator အဖြစ်ဆောင်ရွက်ရန်၊ MCRC Legislation Process အခြေအနေများနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်

Standard (Image)