ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Zonshine ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်လေ့လာ ရေးခရီးစဉ်များ၊ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်စေရေးအတွက် နှစ်နိုင်ငံလွှတ်တော်များ၏ ကြိုးပမ်းအားထုတ်ရန် နည်းလမ်းများ၊ အစ္စရေးနိုင်ငံက အကူအညီပေးလျက်ရှိသော စိုက်ပျိုးရေးနှင့် ပညာရေးကဏ္ဍများကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးနိုင်ထူးအောင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်
