ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် ADB Bank မှ Country Director ဖြစ်သူ Mr. Newin Sinsiri နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း တို့သည် ADB Bank မှ Country Director ဖြစ်သူ Mr. Newin Sinsiri အား ယနေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ADB Bank ၏ ၂၀၁၈ ခုနှစ် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ချေးငွေစီမံကိန်းအဆိုပြုချက်၊ ADB မှ ချေးငွေဖြင့် တည်ဆောက်မည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ စီမံကိန်းများနှင့်ပတ်သက်သည့် စီမံကိန်းအစီအစဉ်များ၊ အသုံးပြုဆောင်ရွက်သွားမည့် နည်းစနစ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုး နှင့် ကော်မတီအဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ  ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်

Standard (Image)