ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Peter Lysholt Hansen အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H. E. Mr.Peter Lysholt Hansen အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသော ဥပဒေများ ပြုပြင်ပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက် ၍ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

၂၀၁၈ ခုနှစ်၊  မေလ ၈ ရက်

Standard (Image)