ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး အလည်အပတ်
ရောက်ရှိနေသော ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမီခေးလ် ဗွီ မီယာစညီကိုဗစ်ချ် သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသိရီဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ တာဝန်နှစ်ရပ်များဖြစ်သော ဥပဒေပြုရေးနှင့် အပြန်အလှန်ထိန်း
ကျောင်းရေးတာဝန်များကို အလေးထားဆန်းစစ် ဝေဖန်သုံးသပ်ပြီး လွှတ်တော်က တိုင်းကျိုးပြည်ပြု လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ
များနှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်
သံအမတ်ကြီး H.E. Mr. Valery SADOKHO နှင့် သံရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
