ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဂျွန်ဘားဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီ ဝင်များ တက်ရောက်ကြပြီး ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Jennifer May နှင့် သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ လွတ်လပ်၍ တရား မျှတသော ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပရန် ဆောင်ရွက်နေမှုနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး မြန်မာ-ကနေဒါ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

Standard (Image)