ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ မာရေးမက်လ်ခူလီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ကော်မတီများမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပြီး နယူးဇီလန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ် ကြီး H.E. Mr.Bede Gilbert Cony နှင့် အာဆီယံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. David Taylor တို့ တက်ရောက်ကြသည်။
တွ့ဆုံပွဲတွင် မြန်မာနှင့်နယူးဇီလန် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ရင်းနှီးချစ်ကြည်မှု ပိုမိုတိုးတက်ခိုင်မာလာစေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
