ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် စင်ကာပူသမ္မတနိုင်ငံဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်ဦးဆောင်သော အဖွဲ့အား ယနေ့ညနေ ၆ နာရီ ၁၅ မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေးခန်းမဆောင်၍ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဌများ ဖြစ်ကြသည့် ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးသူရိန်ဇော်၊ ဦးဌေးမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့် ဝန်ကြီးနှင့်အတူ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Robert Chua တို့ တက်ရောက်ကြသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာ-စင်ကာပူ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး၊ နှစ်နိုင်ငံရင်းနှီး မြုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
