ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ဗြိတိသျှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဥက္ကဌနှင့် စွမ်းအင်ဝန်ကြီး ဌာန ဝန်ကြီး Lord Marland ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် ဗြိတိသျှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဥက္ကဌနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Lord Marland ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်  ၉ နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံပြီး<--break->ထိုတွေ့ဆုံပွဲတွင်ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မီများမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဌကြီးက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံအကျိုးတူ စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများနှင့်

ကုန်သွယ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှုင့်ဖော်ဆောင်ရေးတို့နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Standard (Image)