ပြည်သူ့လွှတ်တော်အစည်း နဝမနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ပြောကြားရာ ၁၃.၇. ၂၀၁၂ ရက်နေ့၌ ကွန်ဟိန်းမဲဆန္ဒနယ်မှ ရှမ်းတိုင်းရင်းသူ ဒေါ်နန်းဝါနု၏ အရေးကြီးအဆိုတင်သွင်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထိုသိုပြောကြားရာတွင် အရေးကြီးအဆိုတင်သွင်းမှုနှင့် လွှတ်တော်၏ဆုံးဖြတ်မှုအပေါ် မိမိ၏ဆောင်ရွက်ချက်ကို တင်ပြခြင်းဖြစ်ပါတယ်။ လွှတ်တော်၏ဆုံးဖြတ်အတည်ပြုချက်မှာ လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ ဆောင်ရွက်နိုင်သည့် မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ၊ ညှိနှိုင်းတိုက်တွန်းပေးရန်ဆုံးဖြတ်ခဲ့၍ မိမိဥက္ကဋ္ဌတွင်လည်း တာဝန်ရှိတာနှင့်အညီ မိမိသည်လည်း ထိုဆုံးဖြတ်ချက်ကို ၁၄-၇-၂၀၁၂ ရက် ၁၀း၃၀ အချိန်တွင် အမေရိကန် စီးပွားကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယဝန်ကြီး Mr. Robert Hormats ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် အမေရိကန်မှစီးပွားရေး အရေးယူ ပိတ်ဆို့မှုများအား ဖြေလျော့ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ သို့ရာတွင်လာမည့် ၂၆-၇-၂၀၁၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော The Burmese Freedom and Democracy Act of 2003 အား ပြည်သူ့ဥပဒေ 108-61 50 U.S.C စာအမှတ် 1071 တွင် ပါဝင်သော ကိုး နှစ်ဟူသောစကားစု (သက်တမ်း) အားပယ်ဖျက်ပြီး တစ်ဆယ့်တစ်နှစ် ဟူသော စကားစုသက်တမ်းအား အစားထိုးပြင်ဆင်သည်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် Mc.comnell၊ Mrs.Feeinstien၊ ပါနှစ်ဦးတို့က လွှတ်တော်အတွင်း ၂ ကြိမ်တိုင် တင်သွင်းခဲ့ပြီး ဘဏ္ဍာရေးကော်မတီသို့ လွဲှအပ်ပေးခဲ့ကြောင်း ခိုင်မာစွာသတင်းရရှိခဲ့ပါကြောင်း၊ ထိုအဆို အောင်မြင်သွားပါက စီးပွားရေးပိတ်ဆို့မှု သက်တမ်းသည် ၂၀၁၅ ခုနှစ်အထိ ရောက်ရှိသွားမှာဖြစ်၍ သက်တမ်းလုံးဝမတိုးရန် မိတ်ဆွေတို့မှ တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။ ၎င်းအပြင် ယခုအမေရိကန်မှစီးပွားရေးပိတ်ဆို့ ဖြေလျော့မှုများသည် အမေရိကန်ကုမ္ပဏီလုပ်ငန်းရှင်များ အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံသားများ ပို့ကုန်နှင့်ငွေကြေးလဲလှယ် မှုများအတွက် မပါရှိသေးပါ၍ တစ်လမ်းသွား၊ တစ်ဖက်သတ်ဆန်နေပါကြောင်း၊ ၎င်းကိစ္စအား ပြန်လည် သုံးသပ်၍ မြန်မာပြည်သူများအကျိုး၊ မြန်မာတိုင်းရင်းသားများ၏ အကျိုးကိုသာစဉ်းစားဆောင်ရွက် ပေးရန် လိုပါကြောင်း၊ မိမိနှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် အမေရိကန်နိုင်ငံ ဒုတိယဝန်ကြီး အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dereic Michell ကိုပါ မေတ္တာရပ်ခံခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ကိုယ်စား လှယ်များထဲမှ စွမ်းဆောင်နိုင်သော မျိုးချစ်ပုဂ္ဂိုလ် များသည် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံအပေါ် ထပ်မံသက်တမ်းတိုး ပိတ်ဆို့အရေးယူမှုမပြုရန်နှင့် နှစ်လမ်းသွားမျှတသော စီးပွားရေး ဖြေလျော့မှုများနှင့် ငွေကြေးပုံမှန် လဲလှယ်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးပါရန် အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံ လိုပါကြောင်းပြောကြား သွားခဲ့ပါသည်။
