မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်း ထားရှိရေး အဆိုကို ဒေါက်တာချမ်းငြိမ်းမှ လွှတ်တော်သို့တင်သွင်း

ဒေါက်တာချမ်းငြိမ်း(ကန့်ဘလူမဲဆန္ဒနယ်)။          ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ၊ အထူးဖိတ်ကြားထားသော ဧည်‌့သည်တော် များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။  ကျွန်တော် ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း ဖြစ်ပါတယ်။         မြန်မာနိုင်ငံ တိုင်းရင်းသားများ ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော မှတ်တမ်းစွယ်စုံကျမ်း  ပြုစုထားရှိရေး အဆိုကို တင်သွင်းမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် နှစ်ပေါင်း ထောင်ပေါင်းများစွာမှစ၍ အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင်လျက်ရှိကြပါတယ်။ ဤကဲ့သို့ တိုင်းရင်းသားများ အတူချစ်ခင်စွာပူးပေါင်း၍ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်ကြီး ခိုင်မြဲစွာ တည်ဆောင်ရန် တိုင်းရင်းသား အချင်းချင်းချစ်ခင်လေးစားပြီး တစ်ဦးကိုတစ်ဦး နားလည်ယုံကြည်မှု ရမှသာ ရေရှည်တည်တန့်ခိုင်မြဲတဲ့ ခေတ်မီတိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ် တည်ရှိမည်ဖြစ်ပါတယ်။ သို့ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အ‌ွခေခံမူများဖြစ်သော ပုဒ်မ ၆ (က) ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ (ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ပြဋ္ဌာန်းထားချက်နှင့်အညီလည်းကောင်း၊ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေ ပုဒ်မ ၂၂ တွင် ဖော်ပြထားသော  နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ (ခ) တိုင်းရင်း သားအချင်းချင်း စည်းလုံးညီညွှတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက် ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ (ဂ) တိုးတက် ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏  ပညာရေး၊ ကျန်းမာ‌ေးရး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးစသော  လူမှုရေးတိုးတက်ဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်မည်ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းရင်းသားများ အကြားတစ်ဦးနှင့် တစ်ဦး ပိုမိုသိရှိ ချစ်ခင်လေးစား ရိုင်းပင်းကူညီပြီး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်များ ငယ်ရွယ် စဉ်ကာလပင်၊ အမြစ်တွယ်ကြီးထားရင့်သန်လာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ခိုင်မာသော ယုံကြည်ချက်ဖြင့် တစ်တပ်တအားပါဝင်လာရေးအတွက် ယခုအဆို ဖြစ်သော  မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော မှတ်တမ်းစွယ်စုံကျမ်း Encyclopedia of Myanmar National Races ကို အချက် အလက်ပြည့်ပြည့်စုံစုံ ဓာတ်ပုံများွဖင့် ခန့်ညားထည်ဝါစွာ ပြုစုထုတ်‌ဝေနိုင်ရေးအတွက် ပြည်သူ့ လွှတ်တော်သို့ အဆိုတင်သွင်း ရ ခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ၏ သဘာဝရေ၊ မြေ တောတောင် သဘာဝအရ တိုင်းရင်းသား များသည် တစ်ပြည်တည်းတွင် အတူနေကြသော်လည်း တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆက်ဆံမှုနည်းနေမှု ကြောင့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်ခဲ့တဲ့ သာဓကများလည်းရှိခဲ့ရပါတယ်။ တိုင်းရင်းသားများ အကြား အတူတကွ ငြိမ်းချမ်းစွာ တိုင်းပြည် တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန် တစ်ဦးအကြောင်း တစ်ဦး ကောင်းစွာ သဘောပေါက် နည်းလည်ရန်လိုအပ်ပါတယ်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံတိုင်းရင်းသား တစ်မျိုးစီ၏ သမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးစံများကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ပြည့်စုံစွာပြုစုစုစည်းပြီး မြန်မာနိုင်ငံ တိုင်းရင်းသားများမှတ်တမ်း စွယ်စုံ ကျမ်း Engyclopedia of Myamar National Races ကို ထုတ်‌ဝေသင့်ပါကြောင်း အဆိုပြုတင်ပြ အပ်ပါသည်။ ထိုသို့တင်ပြရာတွင် တိုင်းရင်းသား ၁ မျိုးစီ၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ ဖော်ပြရာ ၌ လူဦးရေ၊ မျိုးနွယ်စုများ၊ နိုင်ငံအတွင်း ပြန်နှံနေထိုင်မှုစသည်များ  ပါရှိရမည့်အပြင် ယဉ်ကျေးမှုတွင် လည်း လူမျိုးစုအလိုက် လိုက်နာထိန်းသိမ်းနေမှု အစဉ်အလာများ၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် ဓလေ့ထုံးတမ်းများ လေးစားလိုက်နာ ရမည့်အချက်များ၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု၊ တိုင်းရင်းသားရိုးရာ အကများ၊ နှစ်စဉ် ကျင်းပလေ့ရှိသော ရာသီပွဲတော်များ၊ လူမှုရေး အခမ်းအနားများ ကျင်းပပုံကျင်းပ နည်းများကိုလည်း ပြည့်စုံစွာ ဖော်ပြရန် ဖြစ်ပါတယ်။ တိုင်းရင်းသားစာပေနှင့် စကား တွင် စပေသမိုင်းကြောင်း၊ ဒေသအလိုက် ပြောဆိုရေးသား၊ ကွဲပြားမှုရှိပါကလည်း ဖော်ပြရန်နှင့် တိုင်းရင်းသားရိုးရာစာပေအမွေအနှစ်များကို ထိန်းသိမ်းရန်နှင့် ဖော်ထုတ်ပေးနိုင်ရန် အတွက် အထောက်အကူ ဖြစ်စေရန်ဖြစ်ပါတယ်။ ရိုးရာဓလေ့အပိုင်းတွင်လည်း ကိုးကွယ်သည့်ဘာသာ၊ ကျင့်သုံး လျက်ရှိသော ရိုးရာဓလေ့များ၊ ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် ဓလေ့ထုံးတမ်းများနှင့် ကောင်းမွန် သော ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ပေးသင့်ပါတယ်။ ထို့အပြင်တိုင်းရင်းသားလူမျိုးစုတစ်စုချင်း အလိုက် အသက်မွေးဝမ်းကြောင်းပြုမှုများ၊ ထူးခြားစွမ်းရည်များ၊ လုပ်ဆောင်နိုင်မှုများနှင့် အထွေထွေ ပိုင်းတွင် တိုင်းရင်းသား လူမျိုးစုအလိုက် အသုံးပြုလျှက်ရှိသော အစွမ်းထက် သဘာဝတိုင်းရင်းဆေး များ အကြောင်းကိုလည်း ဖော်ပြပါရှိ ရန်ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်က တိုင်းရင်းသားလူမျိုး တစ်စုစီအလိုက် လေ့လာမှုအချို့ရှိခဲ့သော် လည်း ယခုကဲ့သို့ အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားများ စွယ်စုံကျမ်း Encyclopedia of Myanmar National Races ကိုခန့်ငြားတည့်ဝါစွာ ပြုစုထုတ်ဝေခြင်းဖြင့် တစ်ဦးအကြောင်းတစ်ဦး ပိုမိုသိရှိပြီး တိုင်းရင်းသားများအကြားတွင် ချစ်ခင်ယုံကြည် လေးစားမှုများ၊ ပူးပေါင်းဆောင်ရွက်လိုမှု၊ ကူညီ ရိုင်းပင်းလိုမှုများ တိုးပွားလာကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးတို့ကို အူလှိုက်၊ သဲလှိုက် တညီတညွတ်တည်း ခံယူကျင့်သုံးပြီး ပြည်ထောင်စုကြီး ကမ္ဘာတည်သ၍ အစဉ်တည်တန့် ခိုင်မြဲနေမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းထောင်ချီ၍ ချစ်ကြည် ရင်းနှီးစွာနေခဲ့ကြသော တိုင်းရင်းသားများ၏ ယဉ်ကျေးမှုစာပေ၊ ဓလေ့၊ ထုံးတမ်းစဉ်လာများကို တစ်ဦးအကြောင်း တဦးက ပိုမိုသိရှိလာကာ အတူချစ်ခင်စွာဖြင့် ခေတ်မီဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးအတွက်  အထောက်အကူ ဖြစ်စေမည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှုစာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော မှတ်တမ်းစွယ်စုံကျမ်း Encyclopedia of Myanmar National Races ကို အချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ခန့်ငြားထည်ဝါစွာ ပြုစုပြီးအဆိုပါ မှတ်တမ်းများကို တိုင်းရင်းသားပြည်သူ၊ လူငယ်၊ လူလတ်၊ လူကြီးမရွေး လွယ်လင့်တကူ လေ့လာနိုင်ရန် အ‌ွခေခံ ပညာကျောင်းများ၊ တက္ကသိုလ်၊ ကော်လိပ်များ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ရပ်ကွက်၊ ကျေးရွာ၊ စာကြည့်တိုက်များအပါအဝင် အများပြည်သူများ လေ့လာသိရှိနိုင်သည့် နေရာများတွင် ထားရှိပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် သို့ လေးလေးစားစား အဆိုပြု တင်ပြလိုက်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ရှိပါတယ်။

Standard (Image)