ဦးသိန်းညွှန့်၏ အဆိုအား ကန့်ကွက်မဲများသည့် အတွက် အတည်မပြုကြောင်း လွှတ်တော်က ဆုံးဖြတ်

ဥက္ကဌ။     ။အဆိုရှင် ဦးသိန်းညွန့်က မိမိရဲ့အဆိုက ခိုင်မာကြောင်း၊ မှန်ကန်ကြောင်း   ဒါကြောင့်မို့လို့ လွှတ်တော်ရဲ့  အဆုံးအဖြတ်ကို ရယူမှာဖြစ်ကြောင်း တင်ပြသွား ခဲ့ပါတယ်။ ဒါကြောင့်   ဦးသိန်းညွန့်ရဲ့  အဆိုကို  စက်ခလုတ် အသုံးပြု၍  ဆန္ဒပေးတဲ့ နည်းလမ်းကို ဆောင်ရွက်   သွားမှာဖြစ်ပါတယ်။   ဒါကြောင့် မကြာခင်က ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ တချို့အပါအဝင် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒ ဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဖြစ်ပွား ရသော လက်ငင်း အကြောင်းရင်းနှင့် အရင်းခံ အကြောင်းရင်းများကို လေ့လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို မထိခိုက်စေဘဲ အဖြေရှာနိုင်ရန်အတွက် အများကြည်ညိုလေးစားပြီး ယုံကြည်လောက်သော ပုဂ္ဂိုလ်များပါဝင်သည့် အလုပ်သမားဆန္ဒ ဖော်ထုတ်မှုနှင်‌့ ပတ်သက်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံ ခြင်း၊ ကန့်ကွက်ခြင်းအတွက် စက်ခလုတ်အသုံးပြု၍ ဆောင်ရွက်မှာဖြစ်ပါတယ်။

ဆန္ဒမဲပေးရန် အသင့် ရှိစေလိုပါတယ်။

ဆန္ဒမဲပေးနိုင်ကြပါပြီ။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။   ယခု ဆန္ဒမဲပေးလို့  ပြီးပါပြီ။ ရရှိတဲ့ဆန္ဒမဲစာရင်းကို ကြေညာပါမယ်။  ထောက်ခံမဲ ၄၃ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၈၈ မဲ၊ ကြားနေ ဆန္ဒမဲ ၁၇ မဲဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်တဲ့ကိုယ်စားလှယ်များ  အရေအတွက်က များတဲ့အတွက် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်တင်သွင်းတဲ့ မကြာခင်က ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ တချို့အပါအဝင် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒ ဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဖြစ်ပွားရသော လက်ငင်း အကြောင်းရင်းနှင့် အရင်းခံအကြောင်းရင်း များကိုလေ့လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ အဖြေရှာနိုင်ရန်အတွက် အများကြည်ညို လေးစားပြီး ယုံကြည်လောက်သော ပုဂ္ဂိုလ်များပါဝင်သည့် အလုပ်သမားဆန္ဒ ဖော်ထုတ်မှုနှင်‌့ ပတ်သက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရ အား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က အတည် မပြုကြောင်း ကြေညာပါတယ်။

Standard (Image)