ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဖွဲ့စည်း

ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌမှ ပြည်သူ့ လွှတ်တော်ဥပဒေပုဒ်မ ၂၁ နှင့် နည်းဥပဒေ ၃၃ တို့အရ လွှတ်တော်ကော်မတီ ၄ ရပ်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကာလ အတွင်းတွင် လည်းကောင်း ဥပဒေပုဒ်မ ၂၄၊ ၂၉ နှင့် နည်းဥပဒေ ၇၉၊ ၈၁ တို့အရ လွှတ်တော်ကော်မတီ ၁၉ ခုနှင့် ကော်မရှင်တစ်ခုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကာလတွင်လည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ကော်မတီ ကော်မရှင်တို့ရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များကို တာဝန်လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်း ကာလကို သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယနေ့ ကာလမှာလည်း လွှတ်တော်နှင့် နိုင်ငံတော်မှာ လိုအပ်နေတဲ့ ကော်မတီ အသစ်တစ်ခု ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ကို ဥက္ကဋ္ဌအဖြစ် ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အတွင်းရေးမှူးအဖြစ် ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့် တို့ဖြင့် ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမှာဖြစ်သည်။

ထိုသို့  ကော်မတီ အသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းကြောင့် မူလက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်များရဲ့ အဖွဲ့ဝင် အမည်စာရင်းလည်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းများကို လွှတ်တော်သို့တင်ပြသွားမှာဖြစ်ကြောင်း၊ ယခင်ဖွဲ့စည်းခဲ့သော ကော်မတီများ၏ တာဝန်များ အပိုင်းတွင်ပါရှိသော တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များသည် လက်ရှိ အခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာ တွင်စောင့် ကြည့်ထိန်းညှိ ကူညီရမည်ဟူသော အပိုဒ်အား ပယ်ဖျက်ပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း များမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြေညာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင်‌့လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိကူညီရမည်ဟူသော အပိုဒ်ကို အစားထိုး ဖြည့်စွက်သွားမှာ ဖြစ်ကြောင်း နှင့် လွှတ်တော်ရဲ့ သဘောဆန္ဒ ရယူသွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ထိုနောက် လွှတ်တော်၏ သဘော ဆန္ဒရယူရာ ပြည်သူ့ လွှတ်တော်က သဘောတူတဲ့ အတွက် ကော်မတီတစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်း၊ ကော်မတီအဖွဲ့ဝင်များပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ ကော်မတီများ၏ တာဝန်များနှင့် စပ်လျဉ်း၍ ပယ်ဖျက် အစားထိုး ဖြည့်စွက် တင်ပြခြင်းများကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ ပါသည်။

Standard (Image)