နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးဌေးဦးအား ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

          နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့် အဖွဲ့တို့သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ကော်မတီများရုံး I-1 (အိုင်ဝမ်း) အဆောင်တွင် လာရောက်တွေ့ ဆုံသည်။

          ထိုတွေ့ဆုံပွဲတွင် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက အဆွေတော်အနေဖြင့် အချိန်တိုအတွင်း လွှတ်တော်ကို လာရောက်သည့်အတွက် ကြိုဆိုပါ ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် တခြားကိစ္စများ ဆောင်ရွက်စရာရှိနေ သဖြင့် ဥက္ကဋ္ဌကိုယ်စား တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ အဆွေတော်လာရောက်သည့် ကိစ္စတော်တော်များမှာ မိမိကော်မတီနှင့် သက်ဆိုင်မည်ဟု ယူဆပါ ကြောင်း၊ အဆွေတော်အနေနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အချိန်အတွင်းမှာ နေရာပေါင်းများစွာ ရောက်ရှိမည်ဟု သိရပြီး ပကတိဖြစ်ပျက်မှု အခြေအနေများကို သိရှိမည်ဟု ယူဆပါကြောင်း၊ ရခိုင်ပြည်နယ်သို့ သွားရောက်ကြောင်း သိရသည့်အတွက် ရခိုင်ပြည်နယ်အခြေအနေကိုလည်း လေ့လာသိရှိမည်ဟု ထင်ပါကြောင်း၊ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအား လုံး၀ မလိုလားပါကြောင်း၊ ဖြစ်စဉ်ထပ်မဖြစ်ပွားစေရန် ဖြစ်စဉ်ဖြစ်ပွားနေစဉ် အမြန်ဆုံး ဖြေရှင်းထိန်းသိမ်းပေးနိုင်အောင် ကြိုးစားခဲ့ ပါကြောင်း၊ ရခိုင်ဖြစ်စဉ်နှင့် ပက်သက်၍ လူမျိုးရေး၊ ဘာသာရေး ဖြစ်စဉ်များဟု ပြောသော်လည်း မိမိတို့ အနေနှင့် ၎င်းဒေသတွင် နေထိုင်သူများမှ ရာဇဝတ်မှု ဖြစ်ပွားရာက ကျယ်ပြန့်လာသည်ဟု မြင်ပါကြောင်း၊ အဆွေတော်ရောက်ရှိစဉ်က ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရပါကြောင်း၊ အဆွေတော် သွားရောက်လည်ပတ်ခဲ့တဲ့ နေရာများတွင် အနည်းစုသည် ရခိုင်တိုင်းရင်းသားများ ဖြစ်ပြီး အများစုကတော့ အမည်အမျိုး ပြောနေကြသော နေထိုင် ကြသူတွေ ဖြစ်ပါကြောင်း။ အဓိက အကြောင်းအချက်တစ်ခုမှာ နိုင်ငံသားဖြစ်မှု ပြဿနာဖြစ်ပါကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက စဉ်းစားပြီး အမှန်ကန်ဆုံး၊ အမျှတဆုံးဖြစ်အောင် ဘက်ပေါင်းစုံက စဉ်းစား၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေပါကြောင်း။ နိုင်ငံသားဖြစ်ခြင်းနှင့် ပတ်သက်သော ပြဌာန်းထားသော ဥပဒေများရှိပါကြောင်း၊ ယင်းဥပဒေ အပေါ် အခြေခံပြီး ဖြေရှင်းရန် ဖြစ်ပါကြောင်း။

ဒုတိယအချက်အနေနဲ့ ဖြစ်ပွားနေသော ဖြစ်စဉ်ပါ နေရာများတွင် ပုံမှန်အခြေအနေသို့ ရောက်ရှိရန် ဆောင်ရွက်ရေး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားရခြင်းအား မည်သူမျှ လက်မခံ နိုင်ကြပါကြောင်း၊ အဆွေတော်တို့လည်း လက်ခံလိုစိတ် မရှိပါဟု ယကြည်ပါကြောင်း၊ နိုင်ငံတွင်းတွင် ဖြစ်ပွာခဲ့ခြင်းဖြစ်၍ နိုင်ငံသား အားလုံး လက်မခံနိုင်ပါကြောင်း။

-         မြန်မာနိုင်ငံအနေနှင်‌့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင်‌့သုံးလျက် ရှိနေပါကြောင်း။

-         ပါတီစုံဒီမိုကရေစီစနစ်အရ ယခင်က မရှိခဲ့သော ပါတီပေါင်းစုံ ပေါ်ပေါက်လာပါကြောင်း။

-         ပါတီပေါင်းစုံမှ ပြည်သူများက ရွေးချယ်ပေးသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော လွှတ်တော်များ ပေါ်ပေါက်လာပါကြောင်း။ လွှတ်တော်များမှ ရွေးချယ်အတည်ပြုပေးသော အစိုးရအဖွဲ့များ ပေါ်ပေါက်လာပါကြောင်း။           လွှတ်တော်အတွင်း တွင်လည်း ယခုဖြစ်စဉ်များနှင့် ပတ်သက်ပြီး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိတို့ လွှတ်တော်ဥက္ကဋ္ဌနှင်‌့လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှု၍ ဒုက္ခရောက်သူများအတွက် ပံ့ပိုးကူညီ ပေးခဲ့ ပါကြောင်း၊ အကောင်းဆုံး၊ အထိရောက်ဆုံး ဖြေရှင်းနိုင်ရန်  လွှတ်တော်မှာကြိုးစားလျက် ရှိပါေကြောင်း။

          ကချင်ပြည်နယ်တွင်လည်း တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းစေသော ဖြစ်စဉ်များ ရှိနေပါပြီး မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက် တည်ငြိမ်အေးချမ်းမှု မရှိပါေကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိအောင် ဝိုင်းဝန်းကြိုးစားသောကြောင်‌့ ဒေသတည်ငြိမ်အေးချမ်းမှု တစ တစ တိုးတက် ရရှိလာပါကြောင်း၊ နယ်စပ်ဒေသ အချို့ တွင်သာ ကျန်ရှိတော့ပါကြောင်း။

          အလျဉ်းသင်‌့၍ ပြောလိုသည်မှာ ယခု နေပြည်တော်သည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်၏ နေရာဖြစ်ပြီး အဆွေတော်လည်း လာရောက်လို့မရသလို၊ ကျွန်တော်တို့လည်း ယခုကဲ့သို့ နေ၍မရပါကြောင်း၊ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် တည်ငြိမ်အေးချမ်းမှု ရရှိလာခြင်း ဖြစ်ပါကြောင်း။

          နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ် တည်တံ့ရှင်သန်ရေးသည် နိုင်ငံတော်၏ စီးပွားရေး ဖွဲ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်ပတ်သက်မှုရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေး ခိုင်မာရေးသည်လည်း အရေးကြီးပါကြောင်း။ အဆွေတော်လည်း အတွေ့အကြုံရှိပြီး၊ စဉ်းစားတွေးခေါ် နိုင်စွမ်းရှိသူဖြစ်ပြီး  ယခုလာရောက် လည်ပတ်မှုတွင် ကြုံ တွေ့ရမှုများအား မှန်ကန်စွာ သုံးသပ်နိုင်မည်ဟု ယူဆ ပါကြောင်း။ စနစ်သစ်ကို ပြောင်းလဲရာတွင် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ တွေ့ကြုံရသော စိန်ခေါ်မှုများကို ဥပဒေ နည်းလမ်းတကျ မှန်ကန်စွာ ရပ်တည်ဆောင်ရွက်သွာရန် လိုပါကြောင်း။ အဆွေတော်၏ အကြံပြု ချက်များကိုလည်း ယူလိုပါကြောင်း ပြောကြားပါသည်။

 

 Mr. Quintana မှ မိမိနှင့် အဖွဲ့ဝင်များကို နွေထွေးစွာ ကြိုဆိုသည့်အတွက် ဝမ်းမြောက်ပါကြောင်း။ ဒီမိုကရေစီစနစ် ပြောင်းလဲရာမှာ လွှတ်တော်သည် အလွန်အရေးကြီးပါကြောင်း၊ ယခုအချိန် ဥပဒေများ တင်သွင်းခြင်း၊ ပြောင်းလဲခြင်းများ ပြုလုပ်နေတာကို တွေ့ရှိရပါကြောင်း။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးအပိုင်းသာ အရေးကြီးခြင်း မဟုတ်ဘဲ၊ လွှတ်တော်ပိုင်းကလည်း အရေးကြီးပါကြောင်း၊ မိမိအနေနှင့် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့နှင့် ကျန်အဖွဲ့များကိုလည်း ရခိုင်ပြည်နယ်သို့ သွားရောက်ရာတွင် ကူညီဆောင်ရွက်ပေးသည့် အတွက် ပြဿာနာဖြစ်ပွားသော နေရာသို့ သွားရောက်ခွင်‌့ရသည့်အတွက် မြန်မာနိုင်ငံသည် ပိုပြီး ထင်သာမြင်သာ ရှိလာသည်ဟု ပြောနိုင်ပါကြောင်း။

-         အဆွေတော် နိုင်ငံသားများ၏ မူလအခွင်‌့အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌကို မေးခွန်း(၂)ခု မေးလိုပါကြောင်း။

-         မိမိအနေနှင့် ဘူသီးတောင်သို့ ရောက်ရှိစဉ် ထောင်အား လေ့လာခဲ့ပါကြောင်း၊ ဘူးသီးတောင် ထောင်တွင် ရှိနေသော အကျဉ်းသား(၅)ဦးဟာ UN Staff များဖြစ်ပြီး ဘူးသီးတောင်ထောင်မှာ စိတ်ဖိစီးစရာ အများကြီးရှိနေပါကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ အဆွေတော်၏ အမြင်ကို သိလိုပါကြောင်း၊ ဒုတိယအချက်အနေနှင့် လွှတ်တော်များတွင် ဥပဒေကြမ်းများအား ဆွေးနွေးခြင်း မပြုမီ ပြည်သူများသို့ ဖြန့်ဝေထားသည်ကို သိရှိရပါကြောင်း၊မိမိအနေနှင့် ဥပဒေများအား လွှတ်တော်ထဲ၌ ဆွေးနွေးခြင်း မပြုမီ ပြည်သူများသိရှိနိုင်ရန် ဆောင်ရွက်ပေးသည့် အတွေးအခေါ်ကို ထောက်ခံပါကြောင်း၊ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ပြည်သူလူထု ပိုမိုပါဝင်လာပြီး အမတ်များနှင့် ပြည်သူထိတွေ့ မြင်သာ ရှိလာပါကြောင်း။

ဥပဒေပြုရေးနှင်‌့ ပတ်သက်ပြီး လွှတ်တော်မှ မည်သူများနှင့်ဆွေးနွေး အကြံဉာဏ်များ ရယူသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့သည်။

မိမိဘက်မှ ပြောကြားချက်

-         ရခိုင်ပြည်နယ်အပါအဝင် ပြည်သူအားလုံးသည် မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသော ဥပဒေ များကို လိုက်နာရမှာ ဖြစ်ပါကြောင်း၊ ဥပဒေအား ခိုျးဖောက်ပါက ထိုက်သင့်သော ပြစ်ဒဏ် ကျခံရမည်ဖြစ်ပါကြောင်း။

-         ဥပဒေအထက်တွင် မည်သူမျှ မရှိပါကြောင်း၊ ဥပဒေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်သွားရန် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်သာမက ပြည်တွင်းတွင် ရှိနေကြသူများသည်လည်း ဥပဒေကို ချိုးဖောက်ပါက အရေးယူခံရမည်ဖြစ်ကြောင်း။

-         သို့သော်လည်း ယင်းတို့တွင် ဖြေရှင်းနိုင်သော အခွင့်အရေး ရှိပါကြောင်း။

-         နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု ယုံ၏ကြည်ပါကြောင်း။

-         အဆွေတော်တို့ တွေ့ဆုံခဲ့သော အကျဉ်းသား(၅)ယောက်အပြင်၊ အပြစ်ဒဏ်ကျခံနေသူများလည်း ရှိနေမည်ဖြစ်ကြောင်း၊ ယင်းတို့သည်လည်း ဥပဒေနှင်‌့အညီ ဖြေရှင်းဖို့ အခွင်‌့အရေးများ ရှိပါကြောင်း။

-         ရခိုင်ဖြစ်စဉ်သည် အလွန်သိမ်မွေ့ပါကြောင်း၊ ဘာသာရေးအရ လှုံ့ဆော်မှုများကြောင့် နိုင်ငံ တစ်ခုလုံးသို့ ပြန့်နှံ့လာနိုင်ပါကြောင်း၊ မဖြစ်သင့် မလုပ်သင့်သော ကိစ္စဖြစ်ပါကြောင်း။

-         ပြည်သူလူထုအနေနှင့်သာမက အစိုးရအနေနှင့်ပါ မလိုလားပါကြောင်း။

-         အမြန်ဆုံး ဖြေရှင်းနိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ ဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဆောင်ရွက်သူများအနေနှင့် ဥပဒေကြောင်းအရ ညှိစွန်းပါက အရေးယူခံရမှာ ဖြစ်ပါကြောင်း။

-         အဆိုပါသူများ၏ လုပ်ဆောင်မှုများအား မိမိအနေနှင့် အတိအကျမသိသော်လည်း ဥပဒေေ၏ကြာင်း အရ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

-         လွှတ်တော်တွင် ဥပဒေအသစ်များ တင်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း။

-         ပြဋ0x081ဌာန်းထားသော ဥပဒေများအား ပြည်သူလူထုတွေပါ လိုက်နာဖို့လိုအပ်ပါကြောင်း။

-         ပြည်သူလူထုအား အကိုျးရှိသော ကာကွယ်ပေးသည့် ဥပဒေများဖြစ်ရန် လွှတ်တော်တွင် ဆွေးနွေးရာတွင် ပြည်သူများ၏ ဆန္ဒ၊ နှင့် အကြံပြုချက်များသည်လည်း အရေးပါပါကြောင်း။

-         ဥပဒေရေးဆွဲရာတွင် သက်ဆိုင်ရာ ကော်မတီများက ပြည်သူ့သဘောထားများအား ထည့်သွင်း စဉ်းစားပြီး ရေးဆွဲလျက်ရှိပါကြောင်း။

-         မူလကော်မတီရှိသော်လည်း မှန်မှန်ကန်ကန် ထိရောက်စွာ စဉ်းစားဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ကော်မရှင် တစ်ခုအားလည်း ထပ်မံဖွဲ့စည်းထားပြီး ၎င်းတို့ထံမှ  အကြံဉာဏ်များကိုလည်း ရယူလျက်ရှိပါကြောင်း။

-         အဓိက ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူများ အားထားရသော ဥပဒေများ ဖြစ်စေရန် အတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

-         အဆွေတော်အနေဖြင့် လွှတ်တော်၏ လုပ်ဆောင်မှုများအပေါ် ထောက်ခံသည့်အတွက် ဝမ်းသာ ပါကြောင်း။

-         လွှတ်တော်အနေဖြင်‌့ ပြည်သူအကိုျးရှိ၊ နိုင်ငံအကိုျးရှိပြီး ခိုင်မာသော ဥပဒေများ ဖြစ်စေလို၍ ဖြစ်ပါကြောင်း ပြောကြားပါသည်။

အခြားဘက်မှပြောကြားချက်

-         နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင်‌့အရေးကော်မတီ၏ လုပ်ဆောင်ချက်ကို သိလိုပါကြောင်း၊ သီးခြားဖွဲ့စည်းထားသော ကော်မရှင် ပူးပေါင်း ဆောင်ရွက်မှု  ရှိ/မရှိကိုလည်း သိလိုပါကြောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း များနှင့် ဆက်သွယ်မှု ရှိ/မရှိကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။

မိမိဘက်မှ ပြောကြားချက်

-         ပြည်သူလူထုအနေနှင့် ဖြေရှင်းပေးရန်လိုအပ်သည်များအား မိမိတို့ကော်မတီထံ တင်ပြသကဲ့သို့ လူ့အခွင့်အရေးကော်မရှင်သို့လည်း တင်ပြသည်ဟုသိရှိရပါကြောင်း။

-         မိမိတို့ကော်မတီမှ စီစစ်ဆောင်ရွက်ပေးသကဲ့သို့ လူ့အခွင့်အရေးကော်မရှင်မှလည်း စီစစ်မည် ဖြစ်ပါကြောင်း။

-         မိမိတို့အနေဖြင့် တိုက်ရိုက်ဖြေရှင်းမှုများရှိသကဲ့သို့ နိုင်ငံတော်အစိုးရသို့ ဖြေရှင်းပေးရန် တင်ပြမှု များလည်းရှိကြောင်း။

-         အလားတူ ကော်မရှင်တွင်လည်း တိုက်ရိုက်ဖြေရှင်းပေးမှုများရှိသကဲ့သို့ အစိုးရသို့တင်ပြရသည် များလည်းရှိပါကြောင်း။

-         သို့ဖြစ်၍ အခို့ျကိစ0x081စရပ်များသည် နိုင်ငံတော်အစိုးရထံတွင် စုစည်းရောက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စီစစ်ဖြေရှင်းရာတွင် အထောက်အထားများရရှိနိုင်ကြောင်း။

-         မိမိကော်မတီတွင် နေရာဒေသအသီးသီး၊ ပါတီအသီးသီးမှပါဝင်ပြီး တင်ပြ ပြဿနာများကို ဆွေးနွေးနိုင်ပြီး အမှန်ကန်ဆုံးအဖြေထုတ်နိုင်သည်ဟု ယုံကြည်ပါကြောင်း။

-         အမှန်ကန်ဆုံး၊ အမျှတဆုံး၊ ဥပဒေနှင့်အညီဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

-         မိမိတို့ကော်မတီနှင့် နိုင်ငံတော်မှဖွဲ့စည်းသည့် ကော်မတီတို့ တိုက်ရိုက်ဆက်သွယ်မှုမရှိသေး ပါကြောင်း။

-         နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုရှိပါကြောင်း၊ အဆွေတော်နှင့် တွေ့ဆုံမှုအပြီးတွင် သြစတြေးလျလူအခွင့်အရေးကော်မတီနှင့် ဆွေးနွေးဖို့ရှိပါကြောင်း။

-         အဆွေတော်ကိုင်တွယ်နေသော လူ့အခွင့်အရေးကိစ္စမှာ ကျယ်ပြန့်ကြောင်းကို အဆွေတော် အသိဆုံးဖြစ်မည်ထင်ပါကြောင်း၊ သိမ်မွေ့နက်နဲသဖြင့် အမှန်ကန်ဆုံးဖြစ်အောင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံဆွေးနွေး၍ သင့်တော်သော အကြံဉာဏ်များရယူလျက်ရှိပါကြောင်း။

-         အခြေအနေချင်းမတူညီသော်လည်း အဖိုးတန်သတင်းအချက်အလက်များရရှိပါကြောင်း။

-         အဆွေတော်အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်သော စာရွက်စာတမ်းများရှိပါက မိမိတို့ထံသို့ ပို့ပေးစေလိုပါကြောင်း။

အခြားဘက်မှပြောကြားချက်

-         နောက်ဆုံဆွေးနွေးစရာရှိပါကြောင်း။

-         ကျွနု်ပ်အမြင်ပြောရလျင် လက်ရှိအချိန်တွင် တိုင်းရင်းသား သွေးစည်းညီညွတ်ရေးနှင့် ဒီမိုကရေစီရေး အရေးကြီးပြီး ဤကိစ္စဆွေးနွေးမှုပြုလုပ်ပြီး အခြားလူများပါဝင် အဆိုပြုထားကြောင်းနှင့် အဆွေတော်အမြင် သိရှိလိုပါကြောင်း။

-         ယခုလွှတ်တော်တွင် လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံ ပါဝင်သဖြင့် ရှုပ်ထွေး ခက်ခဲမည်ကို သိရှိ ပါကြောင်း။

မိမိဘက်မှပြောကြားချက်

-         ယေဘူယျအားဖြင့် လက်ခံပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမိုျး(၁၀၀)ကျော် နေထိုင်ကြပါကြောင်း။

-         ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးဆုံးဖြစ်ပါကြောင်း။

-         ပြည်တွင်းတွင်လည်း တိုင်းရင်းသားများသည် မိမိတို့နယ်မြေအခြေအနေကို အသိဆုံးဖြစ်ပါကြောင်း။

-         ဥပမာ ကချင်တိုင်းရင်းသားက ကချင်ပြည်နယ်၏အ‌ြခေအနေကို ပိုမိုသိမည်ဖြစ်ပါကြောင်း။

-         တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိစေရန် အဆက်ဆက်ကြိုးစားခဲ့ကြပါကြောင်း။

-         လွှတ်တော်ထဲတွင်လည်း တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရှိအောင် ကြိုးစားနေပါကြောင်း။

-         မိမိတို့ တိုင်းပြည်အနေဖြင့် လူဦးရေနည်းသည့်အတွက်  တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိမှ ရည်မှန်းချက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

-         အဆွေတော် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားပေးဆောင်ရွက်စေလိုသော ဆွေးနွေးမှုအတွက် သဘောတူပါကြောင်း။

-         လက်တွေ့ဆောင်ရွက်နေကြသူများနှင့် ဆွေးနွေးညှိနှိုင်း၍ ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြား ပါသည်။

Standard (Image)