ဒေါက်တာဇော်မြင့်မောင်မှ ဆွေးနွေးခြင်း

ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း မဲဆန္ဒနယ်)။          ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ ကြီးနှင့်တကွ ကြွရောက်လာကြသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား world Bank International monetary  firm, International finance Institutions စတဲ့ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့ကြီးတွေဟာ ဒီမိုကရေစီ တည်ဆောက်နေတဲ့ နိုင်ငံများကို ငွေရေးကြေးရေးအကူအညီပေးနေတဲ့ အဖွဲ့ အစည်းများ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးတွေဟာ အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းတဲ့ နိုင်ငံတွေကို ငွေရေးကြေးရေး အကူအညီပေးတဲ့အခါအခု Good Governance ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို အလေးထားကြည့်နေပါတယ်။ ဘာကြောင့် Good Governance ကို အလေးထားကြည့်လာရတာလဲဆိုတော့ သုသေသန လုပ်ငန်းတွေအရ ဒီမိုကရေစီတည်ဆောက်တဲ့ နိုင်ငံတွေမှာ ကျရှုံးသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ လာဒ်ပေးလာဒ်ယူမှုဟာ အချက်ကြီးတစ်ချက် အနေနဲ့ ပါဝင်နေတယ်လို့ ပြောပါတယ်။ အဲတော့ လာဒ်ပေးလာဒ်ယူမှုကို တိုက်ဖျက်တဲ့နေရာမှာ  Anticorruption Law တဲ့ ဥပဒေအပြင် Anticorruption commission တို့နဲ့  ဘယ်လိုပဲစောင့်ကြပ် ကြည့်ကြည့်လာဒ်ပေးလာဒ်ယူမှုနည်းသွားတာကို မတွေ့ရပါဘူးတဲ့။ Good Governanceဆိုတဲ့ ကောင်းမွန်သောအုပ်ချုပ်မှု ပုံစံကသာလျှင် လာဒ်ပေးလာဒ်ယူမှုကို နည်းသွားတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ Good Governance ၊ Clean Government ဖြစ်ဖို့ကျွန်တော်တို့ ကြိုးစားရပါမယ်။ Good Governance ဖြစ်ဖို့ကျွန်တော်တို့ဆောင်ရွက် နေတဲ့နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတစ်ခုကို တင်ပြချင်ပါတယ်။ သေးသေးလေးပါ။ ဒါပေမယ့် ထိရောက်မှုရှိ ပါတယ်။ ဒါဘာလည်းဆိုလို့ရှိရင် လက်ဆောင်လို့ခေါ်ပါတယ်။ Giftလို့ သုံးပါတယ်။ ဟုတ်ပြီဒီလက်ဆောင်ကို ဘယ်လောက်အတိုင်းအတာအထိပေးမှာလဲဆိုတာပါလာပါတယ်။ နိုင်ငံတကာ မှာgift limited ဆိုပြီးသတ်မှတ်ပါတယ်။လက်ဆောင်ကို ဒီထက်ပိုပြီး မရဘူးလို့ပြောပါတယ်။ ဥပမာUKမှာ ဆိုရင် ပေါင် (၁၄၀)အထက်ပေးရင် ဒါဟာ  gift limitedကိုကျော်သွားတဲ့အတွက် လက်ခံလို့မရပါဘူး။ ဒီလို gift limitedကို သတ်မှတ်တဲ့အထဲမှာ Janpan နိုင်ငံလည်းပါပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာလေးတစ်ခုကတော့ ဂျပန်ဝန်ကြီးချုပ် တရုတ်ပြည်သွားလည်တဲ့အချိန်မှာ လက်ဆောင်ပေးလိုက်တဲ့ မှိုတစ်ခု ကို သယ်လာပါတယ်။ သူတို့သတ်မှတ်ထားတဲ့ gift limitedကို ကျော်နေတဲ့အတွက် ပြန်ပို့ပေးရပါတယ်။လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား အမေရိကန်နိုင်ငံမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ republican နဲ့ Democraticပါတီနှစ်ခုက သဘောတူညီမှုရဖို့ အလွန်ခဲယဉ်းပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီချိန်ခါမှာ သဘောတူညီမှု တစ်ခုရပါတယ်။ အဲဒါဘာလဲဆိုတော့ gift limitedကို သတ်မှတ်ဖို့ဖြစ်ပါတယ်။ republican ပါတီဟာ $၁၀၀လို့ အဆိုပြုထားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ကျွန်တော်တို့ ဗမာမှာလည်း လက်ဆောင်ပေးခြင်းရှိပါတယ်။ကျွန်တော်တို့ ဗမာ့ယဉ်ကျေးမှု နယ်ပယ်မှာတော့ ဒါကို ကန်တော့တယ်လို့ခေါ်ပါတယ်။   အခုကန်တော့ခြင်းဆိုတာ ဘယ်လောက်ခေတ်စားနေသလဲဆိုရင် ကျွန် တော် မိသားစုရှိရာပြောင်းချင်ပါတယ်။ လွယ်ပါတယ်။ ဆရာသမားကို သွားကန်တော့လိုက်ပါ။ ကျွန်တော်မပြောင်းချင်ဘူး ဆရာသမားကို သွားကန်တော့လိုက်ပါ။ အဲတော့ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့တစ်တွေ ကန်တော့တယ်ဆိုတဲ့ ဟာလေးရော ကျွန်တော်တို့ သတ်မှတ်ချက်မရှိသင်‌့ဘူးလား ဆိုပြီးတော့ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားပေးစေချင်ပါတယ်။ ဒီဟာ အရေးကြီးပါတယ် ခင်ဗျား။ ကျွန်တော်တို့နိုင်ငံတစ်ကာနဲ့ တန်းတူရည်တူသွားဖို့ မကြာခင် မှာ FDI ဥပဒေပြဌာန်းပြီးရင် ကျွန်တော်တို့ ပြည်ပရင်းနှီးမြှပ်နှံမှုတွေဝင်လာတဲ့အခါမှာ ဒီ gift limitedကျွန်တော်တို့ဆီမှာ သတ်မှတ်ချက် ကလေးသတ်မှတ်ထားရင် ပိုအဆင်ပြေမယ်လို့ ယုံကြည်နေတဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်။လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယကတော့ ကျွန်တော်တို့ Disposure of Finance လို့ခေါ်တဲ့ ပိုင်ဆိုင်မှုတွေကို ကြေငြာခြင်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ၁၀၆နိုင်ငံတိတိ ပိုင်ဆိုင်မှုတွေကို ကြေငြာပါတယ်။ဒီလိုကြေငြာတဲ့ နေရာမှာ နှစ်ခုရှိပါတယ်။ လူထုသိအောင်ကြေငြာတာနဲ့ လူထုမသိအောင် ကြေငြာတာဖြစ်ပါတယ်။ လူထုသိအောင်ကြေငြာတာ ၃၆နိုင်ငံရှိပြီး လူထုမသိအောင်ကြေငြာတာ နိုင်ငံပေါင်း ၇၀ရှိပါတယ်။ အဲတော့ လူထုသိအောင် ကြေငြာတဲ့ထဲမှာ ကျွန်တော်တို့ အာရှနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားပါပါတယ်။ ကျွန်တော်တို့ ဗီယက်နမ်ပါပါတယ်။ Thailand ပါပါတယ်။ Philipine ပါပါတယ်။ Mongolia ပါပါတယ်။ လူထုမသိအောင်ကြွငောတဲ့နိုင်ငံထဲမှာ တရုတ်ပြည်ပါပါတယ်။ ကျွန်တော်တို့ မလေးရှားပါပါတယ်။ Solimon ကျွန်းနိုင်ငံတွေပါပါတယ်။ ကြေငြာစရာ မလိုဘူးလို့ပြောတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ Cambodia နဲ့ Liao တို့၊ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျ။ ဒီလိုကြေငြာတဲ့အခါမှာလည်း နိုင်ငံတစ်ကာမှာ ဘာတွေကြေငြာသလဲဆိုတာရှိပါတယ်။ နိုင်ငံတစ်ကာမှာတော့ ၅မျိုး ကြေငြာပါတယ်။ ဝင်ငွေတွေကို ကြေငြာပါတယ်။ Asset ဆိုတဲ့ ပိုင်ဆိုင်မှုတွေကို ကြေငြာပါတယ်။ Gift ဆိုတဲ့ လက်ဆောင်ရတာတွေကို လည်းကြေငြာပါတယ်။ နောက်တစ်ခြားအဖွဲ့အစည်းတွေမှာ အကျိုးအမြတ်မရတဲ့ အဖွဲ့အစည်းတွေမှာ ပါခဲ့ရင်လည်း ရာထူးအဆင့်အတန်းကို ပြောရပါတယ်။နောက်ဆုံးကတော့ ကြွေးများကိုလည်းကြေငြာ ပါတယ်။ဒီလိုကြေငြာတဲ့အခါမှာ ဘယ်ပုံဘယ်နည်းကြေငြာမလဲဆိုတာလည်း နိုင်ငံတစ်ကာမှာ ရှိပါတယ်။ တစ်နှစ်တစ်ခါကြေငြာမလား၊ နှစ်နှစ်တစ်ခါ ကြေငြာမလား၊ ဒါမှမဟုတ်ရင် ရာထူးလက်ခံတဲ့အချိန်မှာ ကြေငြာမလား၊ ရာထူးထွက်သွားတဲ့အကြိမ် တစ်ကြိမ်ထက်ကြေငြာမလား၊ ဒါမှမဟုတ်ရင် တတိယနည်းက တော့ အခါအားလျော်စွာကြေငြာွခင်းဖြစ်ပါတယ်း။ ဒီလိုကြေငြာပြီးရင်လည်း မှန်ကန်မှုရှိတယ်ဆိုတာကို ကျွန်တော်တို့ on best person လို့ခါ်တဲ့ လွတ်လပ်တဲ့ ရှေနေလို ပုဂ္ဂိုလ်မျိုးတွေက စောင့်ကြပ်ကြည့် ပါတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ကျွန်တော်တို့ ပါလီမန်ကနေ အဖွဲ့ဖွဲ့ပြီးတော့ စောင့်ကြပ်ကြည့်ရှုတာ လည်းရှိပါတယ်။ ဒါတွေဟာ ကနေ့ နိုင်ငံတစ်ကာမှာ ကျွန်တော်တို့တစ်တွေ သမ္မတကြီးဦးသိန်းစိန်ရဲ့ ၂၀၁၅၊ ၁၆၊ အမျိုးသားစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၇.၇%တိုးတက်ဖို့အတွက် တစ်ဦးချင်း GDP၁.၇ %တိုးတက်ဖို့ဆိုရင် ကျွန်တော်တို့အားလုံး ပြည်သူတွေရော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွေရော၊ ပြည်ထောင်စုအစိုးရတွေရော အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လည်း ကျွန်တော့်အနေနဲ့ ပုသိမ်မဲဆန္ဒနယ်က ဦးဝင်းမြင့်ရဲ့ အဆိုကို ထောက်ခံရင်းနဲ့ ကျွန်တော်တို့ gift limitedကလေးနဲ့ကျွန်တော်တို့ ကြေငြာတဲ့ အခါမှာ လူထုသိအောင် ပိုင်ဆိုမှုတွေမှာ သားတွေ၊ သမီးတွေ၊ ချွေးမတွေ၊ သမက်တွေ၊ တူတွေ၊ တူမတွေရဲ့အဲဒီအစရှိတဲ့ အချက်အလက်တွေပါအောင် စဉ်းစားပေးကြပါ လို့ပြောကြားရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

Standard (Image)