ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်၏ Good governance၊ Clean government ဖြစ်ပေါ်စေရေးအတွက် အစိုးရအဖွဲ့ဝင်တို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများ ကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို ယနေ့ဆွေးနွေး

ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်မှ တင်သွင်းထားတဲ့ အဆိုကို အောက်ဖော်ပြပါလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းဆိုပြီး ယနေ့ဖြန့်ဝေထားတဲ့ အစီအစဉ်မှာ ဖော်ပြထားပါတယ်။ သို့ရာတွင် ဒီအဆိုပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကလည်း ဆွေးနွေးလိုကြောင်း ယနေ့ မိမိလွှတ်တော် ဥက္ကဋ္ဌထံ တြင်ပပါတယ်။ တင်ပြတဲ့အတွက် တြင်ပချက်တွေဟာ ဒီအဆိုရဲ့ အရေးကြီးမှုပေါ် မူတည်ပြီးတော့ လိုလားလက်ခံသင့်တယ်လို့ ယူဆတဲ့ အတွက် ထပ်မံတင်ပြတဲ့ ဆွေးနွေးကြမယ့်ပုဂ္ဂိုလ် ၅ ဦးကိုလည်း အတည်ပြုဆွေးနွေးဖို့ ဆောင်ရွက်သွားပါ့မယ်။ ဒါကြောင့် မူလတင်ပြထားတဲ့ ၈ ဦး နောက်ထပ် တင်ပြတဲ့ ၅ ဦး စုစုပေါင်း ၁၃ ဦး ဖြစ်ပါတယ်။ ဒီအဆိုကိုလည် မိမိတို့ လွှတ်တော်မှာ ဒီနေ့ပဲ အပြီးသတ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ တင်ပြကြမယ့်၊ ဆွေးနွေးကြမယ့် လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ဒီအဆိုကို ဒီနေ့အပြီးသတ် နိုင်ရေးအတွက် ထိရောက်သော တင်ပြ ဆွေးနွေးချက်များဖြင့် ဆောင်ရွက် သွားဖို့ ပန်ကြားလိုပါတယ်။
 

Standard (Image)