ဥက္ကဋ္ဌ။ ။ အမှတ်စဉ် ၆ ဥပဒေကြမ်းကော်မတီမှ တင်ပြဖို့ဖြစ်ပါတယ်။
ဦးအောင်မြသန်း (အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီး ခင်ဗျား။ အမှတ်စဉ် ၆ အခန်း (၁) အပိုဒ် ၂ အပိုဒ်ခွဲ (ဋ) ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်ချက်မှာ ဘဏ်ဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံတော်အတွင်းရှိ ဘဏ်တစ်ခုခုကို ဆိုသည်လို့ ပြင်ဆင်ခဲ့ပါတယ်။ မူလ အဆိုပြုချက်က အစိုးရလို့သုံးနှုန်းထားပါတယ်။ ဥပဒေကြမ်း ကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များနှင့် အသုံးအနှုန်း များနှင့် ညီညွတ်စေရန်အတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အခန်း(၁) အပိုဒ် ၂ အပိုဒ်ခွဲ (ဋ) ဘဏ်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံတော်အတွင်းရှိ ဘဏ်တစ်ခုခုကို ဆိုသည်ကိုသာလျင် အတည်ပြုသင့်ပါကြောင်းတင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရရဲ့ သဘောထားပြောပါ။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်)။ ။ဆီလျော်ပါ သဖြင့် လက်ခံပါ တယ်။
ဥက္ကဋ္ဌ။ ။ ဒါကြောင့် ကန့်ကွက်ရန်၊ ဆွေးနွေးရန် ရှိပါသလား။ မရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ အဆိုအတည် ဖြစ်ကြောင်း ကြေညာပါတယ်။
