ဥက္ကဋ္ဌ။ ။ အမှတ်စဉ် ၅ ဥပဒေကြမ်း ကော်မတီမှ တင်ပြဖို့ ဖြစ်ပါတယ်။
ဒေါက်တာ စိုးမိုးအောင် (အဖွဲ့ဝင်၊ ဥပဒေကြမ်း ကော်မတီ)။ ။ အခန်း(၁) အပိုဒ် ၂ အပိုဒ်ခွဲ (ဈ) (၂) ၏ ပြင်ဆင်ချက် အနေဖြင့် စက်ပစ္စည်း၊ စက်ကိရိယာ၊ စက်ကိရိယာအစိတ်အပိုင်း၊ စက်အရန် ပစ္စည်း၊ အသုံးအဆောင် တန်ဆာပလာများ အပါအဝင် လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန် လိုအပ်၍ နိုင်ငံတော် အတွင်း၌ မရရှိနိုင်သော ပစ္စည်းများဟု ပြင်ဆင်ချက် တင်ပြအပ်ပါသည်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောထားပြောပါ။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။သဘောတူပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။ ။ အခြား ဆွေးနွေးရန်နှင့် ကန့်ကွက်ရှိရင် ပြောပါ။ မရှိတဲ့အတွက် ဥပဒေကြမ်း ကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
Standard (Image)
