ဒေါက်တာဝင်းမြင့်၊ လှိုင်မဲဆန္ဒနယ်မှ ပြင်ဆင်ချက် အဆို တင်သွင်

ဥက္ကဋ္ဌ။           ။ အမှတ်စဉ်(၁၆)၊ ဒေါက်တာဝင်းမြင့်၊ လှိုင်မဲဆန္ဒနယ်မှ  ဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဒေါက်တာဝင်းမြင့်(လှိုင်မဲဆန္ဒနယ်)။                 ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအပိုဒ်ကဆိုလို့ရှိရင်တော့ ကျွန်တော်တို့ နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့ အပိုဒ်များအနက်မှ တစ်ပိုဒ်ဖြစ်ပါတယ်။ ဒီအပိုဒ်မှာဆိုလို့ရှိရင် နိုင်ငံသားများ နိုင်ငံသားများလုပ်ကိုင်နိုင်တဲ့ အသေးစား၊ အလတ်စား ကုန်ထုတ် လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံခြားသားများ လုပ်ကိုင်မှုမှ ကန့်သတ်ထားွခင်း၊ ပြုထားရခြင်းဖြစ်ပါတယ်။ ဘာကြောင့် ပြုထားရသလဲ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ နိုင်ငံတကာ Investment Law တွေ ညှိနှိုင်းကြတဲ့အခါမှာလည်းပဲ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ လာလို့ နိုင်ငံအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်မယ်ဆိုလို့ရှိရင် ဒါဆောင်ရွက် ခြင်းမပြုဖို့ဆိုတဲ့ သဘောတူညီချက် ရှိထားပါတယ်။ နောက်တစ်ခုကလည်းပဲ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးဦးတည်ချက်ထဲမှာ ပါတဲ့ နိုင်ငံတော်၏ စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် နိုင်ငံတော်နဲ့ နိုင်ငံသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဟူတဲ့ အချက်နဲ့လည်း ပတ်သက်ပြီးတော့ ဒီကိစ္စကို ထည့်သွင်းထားွခင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားသိလိုပါတယ်။

သူရဦးအောင်လွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။      ။ ပုဒ်မ ၅ မှာ ပြန်ဖြေထားတဲ့အချက်ပါတဲ့အတွက် လက်ခံပါတယ်။

ဥက္ကဋ္ဌ။           ။  ကန့်ကွက်ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန်မရှိတဲ့အတွက် ဒေါက်တာဝင်းမြင့်၊ လှိုင်မဲဆန္ဒနယ်ရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

Standard (Image)