အမှတ်စဉ် (၁၅) ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ချက် အဆို တင်သွင်းခြင်း

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် (၁၅)၊ ဥပဒေကြမ်းကော်မတီမှ  ဆွေးနွေးဖို့ဖြစ်ပါတယ်။

ဦးတီခွန်မြတ် (ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီ)။                ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အခန်း(၂)၊ အပိုဒ်(၄) အပိုဒ်ခွဲငယ်(ဆ)နဲ့ ပတ်သက်ပြီး တော့ မူလအဆိုပြု ပြဋ္ဌာန်း ချက်ကတော့ နိုင်ငံတကာ သဘောတူညီချက်များ အရ အဆိပ်အတောင့်ရှိ သော ဓာတ်တုပစ္စည်း ထုတ်လုပ်မှုစက်ရုံများ သို့မဟုတ် အသုံးပြုသော လုပ်ငန်းများဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းအနေနဲ့ ပြင်ဆင်ချင်တာ ကတော့ အဆိပ်အတောက် ဆိုတဲ့ နေရာမှာ အဆိပ်အတောက်လို့ အမည်နာမ တပ်ထားတဲ့အရ တစ်မျိုးတည်းကိုသာ ကန့်သတ်ရာရောက် ပါတယ်။ တကယ်တော့ အဆိပ်လို့ နာမည် မတပ်ဘဲနဲ့ ဘေးဖြစ်စေတဲ့ ဆေးဝါးတွေ တစ်ပုန်ကြီးထွက် ရှိနေတဲ့အတွက် ဘေးအန္တရာယ်ရှိသော ဆိုတဲ့ စကားစုကို ထည့်လိုက်တဲ့နေရာမှာ အဆိပ်အတောက်ရော ကျန်တဲ့ ဘေးဖြစ်စေတဲ့ ပစ္စည်းအားလုံးပါ ပါဝင်သွားတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဥပဒေကြမ်းအနေနဲ့ ပြင်ဆင်တင်ပြချင်တာကတော့ အပိုဒ် ၄ အပိုဒ်ခွဲငယ်(ဆ)၊ နိုင်ငံတကာ သဘောတူညီချက်များ အရ ဘေးအန္တရာယ်ရှိသော ဓာတ်တုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံးများ သို့မဟုတ် အသုံးပြုသည့်လုပ်ငန်းများလို့ ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ချက်ကို အတည်ပြုပေး နိုင်ပါရန် တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားပြောပါ။

သူရဦးအောင်လွင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)။      ။ ပိုမိုသင်‌့လျော် ပါတယ်။

ဥက္ကဋ္ဌ။           ။  ကန့်ကွက်ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့အတွက် ဥပဒေကြမ်း ကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

Standard (Image)