ဥပဒေကြမ်းကော်မတီ ကဆွေးနွေးခြင်း

ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီ ကဆွေးနွေးဖို့ဖြစ်ပါတယ်။

ဥပဒေကြမ်း ကော်မတီဝင်။                ။လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံခြား ရင်နှီးမြုပ်နှံမှုဥပဒေကြမ်း အခန်း(၄) အပိုဒ် (၆) အဆိုပြုပြဋ္ဌာန်းချက်ကတော့  ရင်းနှီးမြှုပ်နှံမှုကို အောက်ပါ ရင်းနှီးမြှုပ်နှံမှုပုံစံတစ်ခုခုဖြင့် ပြုလုပ် နိုင်သည် ဖြစ်ပါတယ်။ ရှေးဦးစွာပြင်ဆင်တာကတော့ အပေါ်မှာ အပိုဒ်(၅) (၆) (၇) ကို ထပ်မံဖြည့်စွက်တဲ့ အတွက်ကြောင့် အပိုဒ် (၆) ဟာ အပိုဒ် (၉) ဖြစ်သွားတယ်။ စာသား အနေနဲ့ ဖေါ်ပြထားတာကတော့ ရင်းနှီးမြှုပ်နှံမှု ဆိုတာကို နှစ်ကြိမ်ထပ်မံ ပြီးတော့ ဖေါ်ပြထားတဲ့အတွက် ဒါဟာ ဥပဒေရေးထုံးနဲ့ ပိုပြီးဆီလျော်စေရန် ရင်းနှီးမြှုပ်နှံမှုကို အောက်ပါ ပုံစံတစ်ခုခုဖြင့် ပြုလုပ်ဆောင်ရွက်နိုင်သည်ဟု ဖေါ်ပြထားပါတယ်။ ပြင်ဆင်ချက်ကိုအတည် ပြုပေးနိုင်ရန် တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စု အစိုးရရဲ့ သဘောထားကိုသိလိုပါတယ်။

သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။              ။ သဘော တူပါတယ်။

ဥက္ကဋ္ဌ။           ။ ကန့်ကွက်၊ ဆွေးနွေးရန်ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့အဆိုအတည် ဖြစ်ကြောင်း ကြေညာပါတယ်။

Standard (Image)