ဦးဝင်းဦး (ရေဖြူမဲဆန္ဒနယ်)။ ။ လေးစား ရိုသေရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အမှတ်စဉ် (၃၄) မှာ မူလ အဆိုပြုချက်မှာတော့ ပုဒ်မ (၆) အရ ရင်းနှီးမြှုပ်နှံမှု ပုံစံ ဖွဲ့စည်းရာတွင် (၁) တစ်ဦးတည်း ပိုင်လုပ်ငန်း အဖြစ် လည်းကောင်း၊ Limited ကုမ္ပဏီ အဖြစ် လည်းကောင်း ဖွဲ့စည်းနိုင်သည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ကျွန်တော်တို့က အဲ့အပိုဒ်ကို အားလုံး ပြည့်စုံအောင်ရယ်၊ နောက် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင်ရယ်၊ အဓိပ္ပါယ် ပြည့်ဝအောင်ရယ်၊ ပြင်ဆင်လိုတာ ကတော့ တည်ဆဲ ဥပဒေနှင့်အညီ ကုမ္ပဏီအဖြစ်ဖွဲ့စည်းရမည်လို့ ကျွန်တော်တို့ ပြင်ဆင်ပါတယ်။ ကော်မတီ အဖြစ်ဆိုရာမှာ Limited သော်လည်းကောင်း၊ Unlimited သော်လည်းကောင်း၊ Public Listed သော်လည်းကောင်း၊ တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်တဲ့အတွက် အခုကတည်းက ပြင်ဆင်ပြီး ပြည့်စုံအောင် ဖြည့်ပေးထားတာဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားွပောပါ။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ ပိုမိုဆီလျော် ပါတယ်။
ဥက္ကဋ္ဌ။ ။ ကန့်ကွက်၊ ဆွေးနွေးရန်ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန်မရှိတဲ့ အတွက် ဦးဝင်းဦး ရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
