ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးစတီဖန် မှ ဆွေးနွေးခြင်း

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၃၃  ဥပဒေကြမ်း ကော်မတီက ဆွေးနွေးဖို့ဖြစ်ပါတယ်။

ဦးစတီဖန် (အဖွဲ့ဝင်၊ ဥပဒေကြမ်း ကော်မတီ)။                ။ရိုသေ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြင်ဆင်ချက်ဇယား စာမျက်နှာ ၆၊ အမှတ်စဉ် ၃၃၊ အခန်း (၄)၊ အပိုဒ် ၆၊ အပိုဒ်ခွဲ (ဂ)မှာ မူလအဆိုပြု ပြဌာန်းချက် အနေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီသည့် ပဋိညာဉ် စာချုပ်စနစ်တစ်ခုဖြင့် ဆောင်ရွက် ခြင်းလို့ ပြဋ္ဌာန်းပါရှိပါတယ်။ ဥပဒေကြမ်း ကော်မတီရဲ့ ပြင်ဆင် တင်ပြချက်ကတော့ မူလပြဋ္ဌာန်းချက်ထဲမှ နှစ်ဦးနှစ်ဖက် သဘောတူညီသည့် မူလစကားရပ်အစား လုပ်ငန်းဆိုင်ရာလို့ အစားထိုးပြင်ဆင်ထားပါတယ်။ တဖန် မူလပြဋ္ဌာန်းချက်ထဲမှ စနစ်တစ်ခုခုရဲ့ရှေ့မှာ ဥပဒေနှင့် ညီညွတ်သောလို့ စကားရပ်ကို ဖြည့်စွက်ထားရှိပါတယ်။ ပြင်ဆင်ရတဲ့ ကျိုးကြောင်းဖော်ပြချက် ကတော့ လုပ်ငန်းဆိုင်ရာချုပ်ဆိုသည့် ပဋိညာဉ်သည် ဥပဒေနှင့်မညီညွတ်လျှင် ပျက်ပြယ်သွား မှာဖြစ်၍ ဥပဒေနှင့်ညီညွတ်သော မူလစကားရပ်ကို ဖြည့်စွက်ထားခြင်းမှာ ပိုမိုပြည့်စုံခြုံငုံစေနိုင်တဲ့ အတွက် ပြင်ဆင်ချက် အပိုဒ် ၉ (ဂ)၊ လုပ်ငန်းဆိုင်ရာ ပဋိညာဉ်စာချုပ်ပါ ဥပဒေနှင့်ညီညွတ်သော စနစ်တစ်ခုခုဖြင့် ဆောင်ရွက်ခြင်းလို့ ပြင်ဆင်ချက်ကို အတည်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြ အပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထား သိလိုပါတယ်။

သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။              ။ ညှိနှိုင်း ပြီးဖြစ်တဲ့အတွက် သဘောတူပါတယ်။

ဥက္ကဋ္ဌ။           ။ ကန့်ကွက်၊ ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန်မရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

Standard (Image)