ဥက္ကဋ္ဌ။ ။ ဦးခင်မောင်ဦး၊ မုံရွာမဲဆန္ဒနယ်က ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးခင်မောင်ဦး(မုံရွာမဲဆန္ဒနယ်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ကကြီးစွမ်းအင် နှင့်သယံဇာတများကို ပြည်တွင်းသုံးစွဲမှု ရည်ရှည် အသုံးပြုနိုင်ရန် ဖူလုံးစေရေး ဆိုတဲ့အကြောင်း အချက်ဟာ အခြေခံမူ အရင်းအမြစ်ဖြစ်ပါတယ်။ ဒီစွမ်းအင်နှင့်သဘာဝဓါတ်ငွေ့တွေကို (နေ၊ ရေ၊ လေ၊ ကျောက်မီးသွေးစသည်ဖြင့်) အဲဒါတွေကို ထုပ်လုပ်ပြီးသုံးတဲ့ စွမ်းအင်တွေဟူသမျှဟာ ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်ချက်တွေများပါတယ်။ များတဲ့ လိုအပ်ချက်တွေကို ဖြစ်လာစေချင်လို့ ကျွန်တော်တို့က ဖန်တီးပေမယ့် ကျွန်တော်တို့ ပိုင်ဆိုင်မှု ဒီအထည့်မှာ သုံးစွဲးခွင့်မရဘဲနဲ့ အပြင်မှာ ထွက်သွားတယ်ဆိုရင် နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ အကျိုးစီးပွားဟာ ထိုက်သင့် သလောက်မရဘဲနဲ့ လစ်ဟင်းမှာစိုးတဲ့ အတွက် ကျွန်တော် ဒီအပိုဒ်ကို ဖြည့်ဆည်း ပြီးတော့ အခြေခံရမယ့်မူများကို ထည့်မှထည့်သွင်းခြင်းဖြစ် ပါတယ်။ ကျွန်တော် ထည့်စေချင်တဲ့ အကြောင်းကတော့ နိုင်ငံတော် စွမ်းအင်နှင့် သယံဇာတများကို ပြည်တွင်း သုံးစွဲမှု ရေတိုရေရှည် ဖြစ်စေဖို့ ဖူလုံစေရေးအပိုဒ် ဆိုတာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စု အစိုးရရဲ့သဘောထားကိုသိလိုပါတယ်။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘော တူပါတယ်။
ဥက္ကဋ္ဌ။ ။ ကန့်ကွက်၊ ဆွေးနွေးရန်ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့အတွက် ဦးခင်းမောင်ဦးရဲ့ အဆို အတည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်။
