ဥက္ကဋ္ဌ။ ။ ဦးစိုးသာ၊ တွံတေး မဲဆန္ဒနယ်မှ ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးစိုးသာ၊ (တွံတေး မဲဆန္ဒနယ်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံတော်ရဲ့ ဖွံ့ဖြိုး တိုးတက်ပုံမှာ ရင်းနှီးမြုပ်နှံမှု လုပ်တဲ့အခါမှာ အပြင်မှာ Productional နဲ့ ပတ်သက်ပြီးတော့ စဉ်းစား လေ့ရှိပါတယ်။ ဒါပေမယ့် တိုင်းပြည်မှာ ကျန်တဲ့ကဏ္ဍတွေပါ အကုန်လုံး အထောက်အကူပြုပြီး ဖွံ့ဖြိုး တိုးတက်ရန်လိုတဲ့ Basic services ဆိုတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ကျွန်တော်တို့နိုင်ငံမှာ မပြည့်စုံ သေးပါဘူး၊ မလုံလောက်သေးပါဘူး။ Basic services ဆိုတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက ပြည်သူ အများအတွက် ဝန်ဆောင်မှု လုပ်ငန်းတွေက ကျွန်တော်တို့နိုင်ငံမှာ အများကြီး လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ချည်းဘဲ ဒါကို ဖြည့်ဆည်းလို့လည်း ကျွန်တော်တို့ တစ်နိုင်ငံလုံး မြန်မြန်ဆန်ဆန် ရသွားဖို့က နည်းနည်းလေး လိုအပ်နေပါသေးတယ်။ အချိန်ပေး ရအုံးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံမှာပြည်သူတွေ အားလုံး အသုံးပြုနိုင်ရန် ထြပ်ပီးတော့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ပြရန် အခြေခံ လိုအပ်ချကြဖြစ်တဲ့ အဲဒီလို ဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ပေါက်လာဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာအဆိုပြုထားတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် လိုအပ်သော ခေတ်မီ ဝန်ဆောင်မှူများ ပေါ်ပေါက်လာ စေရေ ဆိုတာဟာ အခြေခံမူမှာ ထည့်သွင်း အတည်ပြု အပ်ပါကြောင်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရရဲ့သဘောထားကို သိလို့ပါတယ်။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘော တူပါတယ်။
ဥက္ကဋ္ဌ။ ။ ကန့်ကွက်၊ ဆွေနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန်မရှိတဲ့အတွက် ဦးစိုးသာရဲ့အဆိုကို ထောက်ခံကြောင်း ကြေငြာအပ်ပါတယ်။
