ဥက္ကဋ္ဌ။ ။ တွံတေး မဲဆန္ဒနယ်မှ ဦးစိုးသာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဦးစိုးသာ (တွံတေး မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ Investment မှာ ကျွန်တော်တို့က Production တို့ ထုတ်လုပ်မှုတွေ ဒီ GDP စီးပွား ဖွံ့ဖြိုး တိုးတက်မှုဖို့ အခုထိ ကျွန်တော်တို့ မရပါ။ ဒါတွေ တကယ်တမ်း ဖြစ်ဖို့ဆိုတာက နိုင်ငံသူ နိုင်ငံသားများရဲ့ အသိပညာ ဒီကိစ္စတွေပါ ကျွန်တော်တို့ မြင့်ဖို့လိုပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အတတ်ပညာတွေပါ မြင့်မားဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဲ့ နိုင်ငံတွေမှာ ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အသိပညာနဲ့ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်အောင် လာပြီး ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေ ဟာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်ရေးမှာ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ ဒီအပိုဒ်ကို ဖြစ်တဲ့ နိုင်ငံသားများ၏ အသိပညာနဲ့ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ဒါ ထည့်သွင်း အဆိုပြုတင်ပြခြင်း ဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စု အစိုးရရဲ့ သဘောထား သိလိုပါတယ်။
သူရဦးအောင်လွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘောတူပါတယ်။
ဥက္ကဋ္ဌ။ ။ ဘအဆိုပြုချက်ကို ကန့်ကွက် ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့ အတွက် ဦးစိုးသာရဲ့အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
