ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၆) ရက်မြောက်၊ ယနေ့ အစည်းအဝေးတွင် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ဝင်သစ်များ ထပ်မံခန့်အပ် တာဝန်ပေးအပ် ခဲ့ပါသည်။
အဖွဲ့ဝင်အသစ်များ၏ အမည်စာရင်းကို ကြေညာရာတွင်
၁။ ဦးစိုးသိန်း - ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) (ရသုံး ခန့်မှန်းခြေ ငွေစာရင်း ဦးစီးဌာန)
၂။ ဦးကျော်စန်း - တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး (အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန)
၃။ ဦးခင်စိုး - ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန)
၄။ ဒေါ်မြတ်မြတ်စိုး - ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) (နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန)
၅။ ဦးညွန့်ဝင်း - ရဲမှူးကြီး(ငြိမ်း) (မှုခင်း တပ်ဖွဲ့မှူးရုံး (နေပြည်တော်))
တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။
