ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ကိုယ်စားလှယ်များ အနေဖြင့် အခွင့်အရေးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုရန်တိုက်တွန်း

“မေးခွန်းများ မေးမြန်းတဲ့ အခါမှာ သက်ဆိုင်ရာ တာဝန်ရှိ ပြည်ထောင်စု အဆင်‌့ အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားကြပါတယ်။ အဲ့လို ဖြေကြားတဲ့ အခါမှာ မေးခွန်းမေးသူက မရှင်းလင်းဘူး။ သို့မဟုတ်ရင် ဒီမေးခွန်းနှင့် ဆက်စပ်တဲ့ ကိစ္စများ မေးချင်တယ်ဆိုရင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ မေးပိုင်ခွင့် ရှိပါတယ်။ ဒီလို မေးတဲ့အခါမှာလည်း သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များ အနေနဲ့လည်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ အတိုင်း ဆောင်ရွက်တယ် ဆိုတာကို နားလည်ပြီး ပြန်လည် ဖြေကြားဖို့ ဖြစ်ပါတယ်။ ဒီဟာသည် လွှတ်တော်ရဲ့ အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခွင့်အရေး ဖြစ်ပြီးတော့ ဒီလို ဆောင်ရွက်မှုဟာ တရား နည်းလမ်း ကျသောဆောင်ရွက်မှု ဖြစ်တယ်ဆိုတာကိုလည်း နာလည် လက်ခံပြီး လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း မိမိတို့ရဲ့ အခွင်‌့အရေးကို မှန်မှန်ကန်ကန် ထိထိရောက် အမှားအယွင်း မရှိ အသုံးပြုသွားဖို့ လိုကြောင်း” တိုက်တွန်းကြောင်း သတင်းရရှိပါသည်။

Standard (Image)