ဒေါ်စုစုလွင် (သုံးခွမဲဆန္ဒနယ်) မှ ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း (INGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေး

ဒေါ်စုစုလွင် (သုံးခွမဲဆန္ဒနယ်)။   ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တာ်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေလို့ ကျွန်မဦးစွာ ဆုတောင်း မေတ္တာပို့သပါတယ်။  ကျွန်မအနေနဲ့ကတော့ ဦးသိန့်ညွန့်တင် သွင်းသွားတဲ့အဆိုကို ထောက်ခံ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ NGO ကိစ္စနှင့်ပတ်သက်ပြီးတော့ မနေ့ကဆွေး နွေးခဲ့တဲ့ကိုယ်စားလှယ်များက အတော် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြီးဖြစ်ပါတယ်။ ကျွန်မအနေနဲ့ တချို့ ဆွေးနွေးပြီးသား အချက်တွေကို တကယ် အရေးကြီးတယ်လို့ ယုံကြည်မိတဲ့အတွက် ထပ်မံထည့်သွင်း ဆွေးနွေးပါရစေ။ ဒီကနေ့ မြန်မာနိုင်ငံမှာ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ဆိုတာကို မနေ့က လည်းဆွေးနွေးသွားသလို များသောအားဖြင့်သူသားခြင်းစာနာတဲ့ လူမှု အထောက်အကူပြု ဝန်ဆောင်မှု ပေးတဲ့ အဖွဲ့အစည်းများ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် လုပ်ငန်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း များ ဒီအပြင်ပညာရေး၊ ကျန်းမာရေးနှင်‌့ပတ်သက်တဲ့ အထောက်အကူပြု လုပ်ငန်းများနှင့် ရပ်ရွာဖွံ့ဖြိုးရေးစတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေလို့ နားလည်နေကြတာလို့ ကျွန်မယူဆမိပါတယ်။ တကယ်တော့ NGO ဆိုတာ ဒီထက်မက ကျယ်ပြန့်တဲ့ သဘောသဘာဝရှိတဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှင်‌့ ပတ်သက်ပြီး အများက တစ်ညီတစ်ညွတ်တည်း လက်ခံ သဘောတူကြတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မရှိသေးဘူးဆိုတာ မနေ့က ကိုယ်စားလှယ် တစ်ဦးပြော သွားတာလည်း မှန်ပါတယ်။ ဒါကြောင့် NGO ဆိုတဲ့အသုံးအနှုန်းကို ရည်ညွှန်းသုံးစွဲတဲ့အခါမှာ နိုင်ငံ အလိုက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းအလိုက်ပဲ ဖြစ်ဖြစ် ကွဲပြားမှုတွေရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရှင်သန်ခိုင်မြဲတဲ့ နိုင်ငံတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်တဲ့ CSO (Civil Socity Organization) လို့ခေါ်တဲ့ လူထုအခြေပြု ဒါမှမဟုတ် အရပ်ဘက်လူမှုအဖွဲ့အစည်းဆိုတဲ့ အသုံးအနှုန်း နဲ့လည်း အလားတူသဘောဆောင်သည်‌့ အနေနဲ့လည်း သုံးစွဲခဲ့တာတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီ NGO ဆိုတဲ့အသုံးအနှုန်းဟာ ၁၉၃၀ ခုနှစ်ပတ်ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့တယ်လို့ ကျွန်မသိရှိ ထားပါတယ်။ ဒါပေမယ့် ဒီစကားအခေါ်အဝေါ်ကို ၁၉၄၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ United Nation အဖွဲ့အစည်းကြီး ပေါ်ပေါက်လာချိန် ကစပြီးတော့မှ တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဖြစ်ပါတယ်။ UN ကဦးစီးကျင်းပတဲ့ ညီလာခံ အစည်းအဝေးတွေမှာ အဖွဲ့ဝင်နိုင်ငံအစိုးရ ကိုယ်စားလှယ်များသာမက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက ပုဂ္ဂိုလ်တွေကိုလည်း အစည်းအဝေး လေ့လာသူ Ovserber တွေ အနေနဲ့ပါဝင် တက်ရောက် စေတဲ့အတွက် NGO ဆိုတဲ့အသုံးအနှုန်းကို အများက သိလာတာဖြစ်ပါ တယ်။ ၁၉၉၅ ခုနှစ် ဘေကျိန်မှာကျင်းပခဲ့တဲ့ The Force will Contrace in wavement စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများ ညီလာခံမှာဆိုရင် NGO အဖွဲ့အစည်းအဝေး တစ်ရပ်ကို သီးခြား NGO Forest For Wavement ဆိုပြီး နိုင်ငံအစိုးရ အဖွဲ့ဝင်များ တက်ရောက်နေကြတဲ့ ညီလာခံနှင့် အတူ ယှဉ်ပြိုင်ကျင်းပခဲ့ပါတယ်။ အဲဒီ နှစ်ပိုင်းလောက်က စပြီး နိုင်ငံအတော်များများမှာ NGO တွေကို သူ့အတိုင်းအတာနှင့်သူ၊ သူ့နေရာနှင့်သူ နိုင်ငံရေး အတွေးအမြင် ပြောင်းလဲရေး၊ တိုးတက်မြင့်မားရေး၊ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်း နယ်ပယ်များမှာ နိုင်ငံအဆင့် အဖွဲ့အစည်းများနည်းတူ အားကောင်းတဲ့ အင်အားတစ်ရပ်အနေနဲ့ လက်ခံလာကြပါတယ်။ ဒါကြောင့် တစ်နေ့တစ်ခြား အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများမှာဆိုရင် NGO တွေကို လုပ်ပိုင်းခွင့်တွေ တရားဝင်လုပ်ကိုင်နိုင် တဲ့ အခွင့်အလမ်းတွေတိုးပြီးပေးလာကြတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျွန်မအနေနဲ့ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ရင် NGO အဖွဲ့အစည်းလုပ်ပိုင်ခွင့်တွေ နည်းပါးနေသေးတာကို တွေ့ရပါတယ်လို့ပြောပါရစေ။

ဥက္ကဋ္ဌကြီးရှင်။ ကျွန်မအနေနဲ့တော့ မြန်မာနိုင်ငံမှာ NGO လုပ်ငန်း များကို အခုထက်အက ပိုမို ပီပြင် ပြတ်သားတဲ့ လုပ်ကိုင်နိုင်ခွင့် ဥပဒေအသစ်နှင့်အတူ လူမှုဖွံ့ဖြိုးရေးနှင့် နိုင်ငံတိုးတက်ပြောင်းလဲရေးလုပ်ငန်းများမှာ ပါဝင် လုပ်ဆောင်နိုင်ခွင့် ရရှိရေးကို အားပေးရန် တင်ပြ မေတ္တာရပ်ခံအပ်ပါတယ်။ စောစောက ပြောခဲ့သလို NGO ကို အဓိပ္ပာယ် သတ်သတ်မှတ်မှတ် ဖွင်‌့ဆိုရ တာခက်ခဲတယ်ဆိုပေမယ့် မနေ့ကလည်း ကိုယ်စားလှယ်တစ်ဦး တင်ပြပြီးသွားသလို အကြမ်းဖျဉ်းကြည့် မယ်ဆိုရင် လုပ်ကိုင်တဲ့ လုပ်ငန်း ကဏ္ဍအလိုက် NGO အမျိုးအစားများကို ခွဲခြားသတ်မှတ်နိုင်သလို အဆိုပါလုပ်ငန်းများကို လုပ်ကိုင်နိုင်တဲ့ အတိုင်းအတာအလိုက်လည်း ခွဲခြားလို့ ရပါတယ်။ ဥပမာ- လူမှု အခက်အခဲတွေကို လျော့ပါးစေတဲ့ဝန်ဆောင်မှုနဲ့ ပစ္စည်းအကူအညီပေးတဲ့ NGO၊ ပညာရေး၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ အထောက်အပံ့ပေးတဲ့ NGO၊ ဆင်းရဲနွမ်းပါးမှုကိုလျော့ပါးစေပြီး ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးတည်လုပ်ကိုင်တဲ့ NGO၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ကိုင်တဲ့ NGO စတဲ့ လုပ်ငန်းကဏ္ဍအလိုက်ခွဲထားတဲ့ NGO တွေရှိသလို ရပ်ရွာအခြေပြု၊ မြို့နယ်တိုင်း အခြေပြု၊ နိုင်ငံအခြေပြု သို့မဟုတ် နိုင်ငံတကာမှာအခြေစိုက်ပြီး NGO လုပ်ငန်းများကို လုပ်ဆောင်တဲ့ NGO စသည်ဖြင့် လုပ်ဆောင်တဲ့အဆင့် ပမာဏ ပေါ်အခြေခံပြီးတော့လည်း ခွဲခြားသတ်မှတ်နိုင်တဲ့ NGO တွေရှိပါတယ်။ NGO လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ လုပ်အပ်တဲ့ငွေကြေး၊ ရန်ပုံငွေကို မိမိပိုင် ငွေနဲ့လုပ်ကိုင်ကြတဲ့ မိုဟာမက်ယူနစ် ရဲ့ ရာမီဘတ်၊ ဂျော့စောရို ရဲ့ OSI (Open Socity Institute) အဲဒီလို ခိုင်မာတဲ့အဖွဲ့အစည်းကြီးတွေရှိသလို ရန်ပုံငွေရှာပြီး ရည်ရွယ်ချက်နဲ့ အမြင်တူတဲ့ပုဂ္ဂိုလ်များ စုပေါင်းဖွဲ့စပ်ထားတဲ့လူမှုရေးလုပ်ငန်းများကို စေတနာ့ ဝန်ထမ်းလုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာတော့ မိမိပိုင်ငွေထက် ရန်ပုံငွေရှာပြီး လုပ်ကိုင်ရမယ့် အဖွဲ့အစည်းမျိုးက ပိုပြီးများမယ်လို့ ကျွန်မယူဆမိပါတယ်။ အဲဒီလို ရန်ပုံငွေရှာလုပ်ရတဲ့ အဖွဲ့အစည်းတွေ ရန်ပုံငွေသုံးစွဲတဲ့ အခါမှာ ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ခံနိုင်မှု (Accountability) ရှိဖို့ အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် NGO နဲ့ပတ်သက်တဲ့ ဥပဒေကို ရေးဆွဲရာမှာ ဒီအချက်တွေ ထည့်သွင်းစဉ်းစား ဖို့လိုပါလိမ့်မယ်လို့ ကျွန်မပြောပါရစေ။ ဒါအပြင် လုပ်ငန်းတွင်း စာရင်းစစ် (Internal Audid) လုပ်ငန်း ပြင်ပစာရင်းစစ်ခြင်း (External Audid) လုပ်ငန်းများကိုလည်း ပုံမှန် လုပ်ဆောင်သွား စေဖို့လည်း အရေးကြီးပါတယ်။ ဒီအချက်တွေကို အလေးပေးတင်ပြရတဲ့အကြောင်းက တချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိုရင် ရရှိလာတဲ့ရန်ပုံငွေတွေကို ပံ့ပိုးမှုပေးတဲ့အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်လေ့လာမှု (Monatory and အီဗာကျူးလေးရှင်း) အားနည်းမှုကြောင့်ဖြစ်စေ၊ နိုင်ငံတွင်းအပြန်အလှန်ထိန်းချုပ်တဲ့စနစ် (Check and Balance Magnesim) အားနည်းမှုတို့ကြောင့်ဖြစ်စေ ရန်ပုံငွေအလွဲသုံးစားမှုတွေ ဖြစ်ခဲ့တာ သာဓကတွေရှိပါတယ်။ ဒီလို ရန်ပုံငွေ အလဟဿ ဖြစ်ခဲ့ရတာတွေဟာလည်း သင်ခန်းစာ ယူစရာတော့ဖြစ်ပါတယ်။ တစ်ဖက်မှာကြည့် ပြန်ရင်လည်း NGO လုပ်ငန်းကို ထိန်းကျောင်းတည့်မတ် ပေးတဲ့ ဥပဒေရှိဖို့လိုအပ်သလို လုပ်ငန်းကို ထိရောက် အောင်မြင်အောင် လုပ်ကိုင်နိုင်တဲ့ လုပ်သာကိုင် သာတဲ့ ဖလက်စေးပယ် ဖြစ်တဲ့ ဥပဒေမျိုးလည်း ဖြစ်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။

ဥက္ကဋ္ဌကြီးရှင်။ ဒီကိစ္စနှင့်တစ်ဆက်တည်း တင်ပြလိုတာကတော့ ဒီကနေ့ မြန်မာနိုင်ငံ လူမူရေး လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း တော်တော်များများဟာ တရားဝင်သီးခြားရပ်တည်ပြီး လွတ်လွတ်လပ်လပ် လုပ်ငန်း မလုပ်နိုင်ကြတဲ့အတွက် UN အဖွဲ့အစည်း အမျိုးမျိုး ဒါမှမဟုတ် INGO လို့ခေါ်တဲ့ နိုင်ငံတကာ NGO တွေရဲ့ အရိပ်ကိုမီပြီး ပြုလုပ် နေကြတာကိုတွေ့ရပါတယ်။ အဲဒီအချိန်မှာ ရလာတဲ့ ရန်ပုံငွေတွေ ဟာ အကျိုးဖြစ်စေချင်တဲ့ ရည်ရွယ် ထားတဲ့ ပုဂ္ဂိုလ်တွေဆီကို အပြည့်အဝ မရောက်နိုင်တာ တွေ့နေရပါ တယ်။ ကျွန်မအတွေ့အကြုံကိုပြောရမယ်ဆိုရင် ပုဂ္ဂလိက အလှူရှင် ကူညီပေးတဲ့အခါ ကျွန်မတို့ဆီမှာ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထားနိုင်တဲ့ NGO အရေအတွက် နည်းနေတဲ့ အတွက်ရယ် နည်းပညာပါ အားနည်းနေသေးတဲ့ အတွက်ရယ်၊ ပြည်ပမှာ ပံ့ပိုးမှုတွေရလာတဲ့အခါ UN အဖွဲ့အစည်းကြီးများ ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပဲ ရောက်သွားတတ်ပါတယ်။ သာဓက အနေနဲ့ ပြောရမယ်ဆိုရင် တစ်ချိန် မှာ ပညာရေးဖွံ့ဖြိုးမှု အတွက် ရည်ရွယ်တဲ့ အထောက်အပံ့ စီမံကိန်းတစ်ခုဟာ UNDP အဖွဲ့ကို ရောက် သွားပြီးတော့ UNDP ဟာ ပညာရေး လုပ်ငန်းကို အထူးပြု တိုက်ရိုက် လုပ်ကိုင်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့ အတွက် ယူနက်စကို အဖွဲ့ကို တစ်ဆင့် လက်တွဲခေါ်ယူပြီး လုပ်ငန်းလုပ်ပါတယ်။ တစ်ခါ ယူနက်စကိုက တစ်ဆင့်‌့ တတိယ အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာ INGO အဖွဲ့နဲ့ ပူးတွဲပြီး ထပ်ဆင့်စီမံကိန်းအကောင် အထည် ဖော်ပါတယ်။ နောက်ဆုံးမှာ တတိယအဖွဲ့အစည်းဖြစ်တဲ့ INGO ဟာ ရမ်ဆု အခြေခံအဆင့်လို့ သတ်မှတ်တဲ့ တိုက်ရိုက် အလုပ်လုပ်နိုင်မယ့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုနဲ့ Contract စနစ်နဲ့ အလုပ် အပ်နှံပါတယ်။ အဲဒီလိုလုပ်ငန်းကို အဆင့်ဆင်လက်လွှဲလုပ်ကိုင်ကြတဲ့အခါမှာ ပါဝင်တဲ့အဖွဲ့အစည်း တွေဟာ သူတို့တွေရဲ့ ဝန်ဆောင်မှုအတွက် စီမံကိန်းဝင်အပေါ်မှာ စီမံကိန်းအတွက် ရတဲ့ငွေပေါ်မှာ ၁၀ ရာခိုင်နှုန်းကနေပြီးတော့ ၁၄ ရာခိုင်နှုန်းလောက်ထိ အသီးသီးယူကြပါတယ်။ ဒါကြောင့် ပြည်တွင်း NGO များသာ တရားဝင် အလုပ်လုပ်ကိုင်နိုင်ကြမယ်ဆိုရင် ဖွံ့ဖြိုးမှုအတွက် ရလာမယ့် အထောက်အပံံ့ တွေကို တိုက်ရိုက် လက်ခံရယူနိုင်မှာဖြစ်ပြီး ရန်ပုံငွေများဆုံးရှုံးမှုလျော့နည်းပြီးတော့ ပိုမိုအသုံးပြုနိုင် မယ်ဆိုတာကို တင်ပြရင်းနဲ့ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ရဲ့အဆိုကို ကျွန်မထောက်ခံ ပါကြောင်း ပြောမယ်လို့ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ 

Standard (Image)