အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင်‌့ ပေးပို့သော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို လက်ခံရရှိ၊ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ စာရင် တင်သွင်းနိုင်

အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီးသော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို လွှတ်တော်က ၁၃-၈-၂၀၁၂ ရက်နေ့တွင် လက်ခံရရှိကြောင်းနှင့်  နည်းဥပဒေကြမ်း၏ မိတ္တူများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီထံ စိစစ်နိုင်ရန်နှင့် ကိုယ်စားလှယ်များထံ လေ့လာနိုင်ရန် ဖြန့်ဝေပြီး ဖြစ်ပါသည်။ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဆွေးနွေးမယ့်ရက်ကို ထပ်မံကြေညာမည် ဖြစ်ပြီး ဥပဒေကြမ်း ကော်မတီအနေ နဲ့ နည်းဥပဒေကြမ်းကို စိစစ်ပြီး ကော်မတီ၏ အစီရင်ခံစာနှင့်အတူ လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းရမှာ ဖြစ်ပါသည်။ ကိုယ်စားလှယ်များမှ ဆွေးနွေးလိုပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို ဖော်ပြ၍ ၂၃-၈-၂၀၁၂ (ကြာသပတေးနေ့) ၁၃း၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း သတင်း ရရှိပါသည်။

Standard (Image)