ဦးအေးနိုင် (ဆင်ပေါင်ဝဲမဲဆန္နယ်) မှ ဆွေးနွေးခြင်း

ကျွန်တော်‌့ကတော့ နိဂုံးချုပ်ကလေးပဲ ပြောခွင့်ပြုပါခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ အစိုးရ အဖွဲ့အစည်း အဆင်‌့ဆင်‌့တွင် လည်းကောင်း၊ တရားရုံးများတွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ အားလုံးက ပြည်သူကပေးသော ပြည်သူ့ဘဏ္ဍာငွေဖြင့် လစာများ၊ ခံစားခွင့်များ အဆင့်ဆင့် ရပြီးဖြစ်ပါတယ်။ ရာထူးဆိုတာ အဆင်‌့တစ်ခုလို့ ကျွန်တော် ယူဆမိပါတယ်။ ရာထူးတွေ အဆင့်ဆင့် ရရှိထားကြပါတယ်။ သို့ပါသောကြောင့် ရာထူးကိုပြည်သူအတွက် အသုံးချမည်လား။ ရာထူးနှင့် ပြည်သူကို အသုံးချမည်လားလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

Standard (Image)