ဦးမန်းဂျော်နီ (မြောင်းမြ မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်လည်း နည်းနည်းလေးတော့ ပြောချင်ပါတယ်။ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အစီရင်ခံစာ အပိုဒ် ၈ မှာ အမှုတွဲ ၁၃၀၈ စောင်ရောက်ရှိနေတယ်လို့ ဖတ်ရတယ်။ ဒီတိုင်စာများများကြီး ရောက်လာတာတင် မကဘူး။ ခုနက ဒီဥက္ကဋ္ဌပြောသွာတဲ့ အထဲမှာ ၁၇၀၀ ကျော်ရောက်လာတဲ့ အတွက်ကြောင့်မို့ ပြည်သူတွေက လွှတ်တော်ကြီးရဲ့ တရားစီရင်ရေး နှင့် အားကိုအားထားပြုနေတဲ့ သဘောတစ်ရပ် ဖြစ်လာပါတယ်။ အင်မတန် အားရစရာ ကောင်းပါ တယ်။ ပြည်သူများ ယုံကြည်လာရင် အောင်မြင့်မှု ရမှာ မုချဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဲ့ဒီ အစီရင်ခံစာရဲ့အပိုဒ် ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ တွေမှာလည်း ဥပဒေတွေကို ပြည်သူတွေအတွက် အကာအကွယ်ပေးဖို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ရေးဆွဲနေကြတယ် ဆိုတာကို ဖတ်ရလို့ ဝမ်းသာပါတယ်။ ဒါပေမယ်‌့ ဒီနေရာမှာ ဥပဒေသာ ရှိပေမယ်လို့ အကောင်အထည်ဖော်တဲ့ နေရာ မှာ ဥပဒေ မဟုတ်ဘဲနဲ့ တရားသူကြီး ပညာတတ်တွေ ဖြစ်ပေမယ့် သူတို့တွေက ဦးဆောင်နေတဲ့ အတွက်ကြောင့်မို့လို့ စကားလုံးလှလှလေးတွေနဲ့ တစ်မျိုး သွယ်ဝိုက်ပြီးတော့ တခြားဌာနတွေနှင့် ပေါင်းပြီးတော့ အကြည်ညို ပျက်လာအောင် လုပ်နေကြတာ တစ်နိုင်ငံလုံး နားမဆန့်အောင် ဖြစ်နေ ပါတယ်။ တချို့ကပြောကြတယ်။ တရားသူကြီးတွေဟာ လာတုန်းကတော့ ပိန်ပိန် လေးကြည်‌့ ကောင်းတယ်။၊ ပြန်တော်‌့ ဝဝကြီးတွေ ဖြစ်သွားတယ်လို့ ပြောနေကြပါတယ်။ ဒီတော့ ပြည်သူတွေ ဆာလောင်နေတဲ့ မွတ်သိပ်နေတဲ့ အရာကဘာလဲ။ ပြည်သူ့ပြည်သားတွေ တောင့်တနေတဲ့ တရားရုံး တော်တွေမှာ တရားသူကြီးတွေ ရဲ့ တရားစီရင်မှုတွေ တရားနေဖို့ အချက်ပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီဟာကွက်ကလေးကိုဖြည့်ဖို့ တိုင်ဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် တရားလွှတ်တော်တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးသင့် ပါတယ်ဆိုတဲ့ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အစီရင်ခံစာ နောက်ဆက်တွဲကို ထောက်ခံဆွေးနွေးရင်း နိဂုံချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Standard (Image)