ဦးထွန်းဆာ (တန့်ယန်း မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော် အနည်းငယ်နဲ့ နည်းနည်း တင်ပြ ဆွေးနွေးသွားပါ့မယ်။ လက်ရှိ တရားစီရင်ရေးမှာ တရားသူကြီး တစ်ဦးတည်းကသာ တာဝန်ယူ ဆုံးဖြတ် ပိုင်ခွင့်ပေးထား သည်မှာလည်း ဒီမိုကရေစီ နည်းလမ်း မကျဘူးလို့ ထင်မြင် ယူဆပါတယ်။ မည်မျှပင် သဘောရိုးဖြင့် ဆောင်ရွက်သည် ဆိုစေကာမူ တစ်ယောက်တည်းက အာဏာရှင် ဆန်ဆန် ဆုံးဖြတ်ချက်သည် မှန်ကန် မျှတမှုကို အာမ မခံနိုင်ပါ။ သို့ဖြစ်၍ တရားလွှတ်တော် အဆင်‌့ဆင်‌့မှာ ဒီမိုကရေစီနည်း ကျကျဆုံး စီရင်ဆုံးဖြတ်နိုင်ရန် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံ၍ ဖြောင့်မတ် တည်ကြည်သော ပြင်ပ ပညာရှင် ဂျူရီအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက် သင်‌့ပါကြောင်းနှင့် တရားစီရင်ရေး ဆုံးဖြတ်တဲ့ နေရာမှာ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟဆိုတဲ့ အဂတိတရား ၄ ပါးကို ရှောင်ကျဉ်နိုင်အောင် ထိန်းကျောင်း ပေးနိုင်တဲ့ နည်းလမ်းကို တိတိကျကျ ကိုင်စွဲပြီးတော့ ဆောင်ရွက်သင့် ပါကြောင်း တင်ပြ အကြံပြုလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

Standard (Image)