ဥက္ကဋ္ဌ။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ တရားစီရင်ရေးနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးမှုများဟာ ဆွေးနွေးရင် ဆွေးနွေးသလောက် နက်ရှိုင်းကျယ်ပြန့်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးမှု ကတော့ ဦးအောင်ကိုရဲ့ ဥပဒေနှင့် တရားစီရင်ရေးနှင့် ပတ်သက်ပြီးတော့ ကော်မတီရဲ့ အစီရင်ခံစာပေါ် ဆွေးနွေးကြမှာဖြစ်ပါတယ်။ အစီအစဉ်မှာလည်း သက်ဆိုင်ရာ ကော်မတီက လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြုခြင်း ရယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီဟာသည် ဆွေးနွေးနေမှုသည် အဆိုတစ်ရပ်ပေါ် ဆွေးနွေးနေသည် ဆိုသည်ထက် အစီရင်ခံစာပေါ် ဆွေးနွေးတယ်ဆိုတာ သတိပြုဖို့လိုမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အစီရင်ခံစာကို တင်သွင်းတဲ့ သူရဦးအောင်ကိုရဲ့ ရည်ရွယ်ချက်နှင့် သဘောထားကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ သိအောင် ဦးအောင်ကိုဘက်က တင်ပြဆွေးနွေးမယ်ဆိုရင် ဆက်လက် ဆောင်ရွက်မှုတွေဟာ ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် သူရဦးအောင်ကိုက ဒီအစီရင် ခံစာအပေါ် မိမိရဲ့ ရည်ရွယ်ချက်နှင့် သဘောထားကို ရှင်းလင်းပြောကြားဖို့ ဦးအောင်ကိုအား ဖိတ်ခေါ်ပါတယ်။
သူရဦးအောင်ကို။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့ ကိုယ်စားလှယ်များ ဧည့်သည်တော်များ ခင်ဗျာ။ တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံခိုင်ဖို့ အတွက်ကို ကျွန်တော်တို့ တရားစီရင်ရေး ကော်မတီနှင့် ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ အစီရင်ခံစား တင်သွင်း ခဲ့ခြင်းဖြစ်ပါတယ်။ အစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ ကျွန်တော်တို့ တစ်နိုင်ငံလုံးကနေပြီးမှ တိုင်စာအမှုပေါင်း ၁၃၈၀ ရောက်ခဲ့ပါတယ်။ သို့သော်လည်း ဒီကနေ့ထိဆိုရင်တော့ တိုင်စာအမှုပေါင်း ၁၇၀၀ကို ကျော်သွားပါပြီ။ အဲဒီမှာ ကျွန်တော်တို့ တင်ပြခဲ့သလိုပဲ ကျွန်တော်တို့က အထောက်အထား အချက်အလက် ပြည့်စုံတဲ့ အမှုတွဲများ မှန်ကန်နိုင်ဖွယ်ရှိတဲ့ အမှုတွဲများကိုသာ ပထမဆုံး ရွေးချယ်ပြီးတော့မှ အမှုတွဲပေါင်း ၄၀၀ ကျော်ကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးကို ကျွန်တော်တို့ ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်ဖို့ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ရဲ့ တရားစီရင်ရေးရာ ကော်မတီသည် ခုနက ပြည်ထောင်စု တရား လွှတ်တော်ချူပ် အပေါ်မှာ လွမ်းမိုးနိုင်ခြင်း၊ စွပ်ဖက်နိုင်ခွင့်မရှိ ပါဘူး။ ဒါကိုကျွန်တော် တို့ နားလည် သဘောပေါက်ပါတယ်။ ခုနက ဒီအစီ၇င်ခံစာကို သုံးသပ်တင်သွင်းတဲ့ နေရာမှာလည်း ကျွန်တော့်အနေနဲ့ အင်မတန် တာဝန်ကြီးပါတယ်။ ကျွန်တော်တို့ တစ်ဖက်ကပြန်ကြည့်ရင် ၁၉၄၈ ခုနှစ် လွှတ်လပ်ရေးရပြီးတဲ့ အချိန်ကနေစပြီးတော့ ဒီကနေ့အထိ နိုင်ငံသား တိုင်းရင်းသား ပြည်သူများဟာ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ မရခဲ့ပါဘူး။ တရားဥပဒေ စိုးမိုးမှု မရခဲ့လို့ ကျွန်တော်တို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများလည်း မရခဲ့ပါဘူး။ သူတို့ရဲ့ ဘဝတွေကလည် တရားဥပဒေ စိုးမိုးမှုအောက်မှာ တည်ငြိမ်း အေးချမ်းစွာ အသက်မွေးကျောင်းခွင့် မရခဲ့သေးပါဘူး။ သို့သော် ဒီအခြအနေသည် ဒီမိုကရေစီသစ် တည်ထောင်တဲ့အချိန်မှာ ရပ်တန့်သင့်ပါပြီ။ နိဂုံးချူပ်သင့်ပြီလို့ ကျွန်တော်တို့က ယုံကြည်ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကော်မတီနှင့် ညှိနှိုင်းပြီးတဲ့အခါကျမှ ကျွန်တော်တို့ အစီရင်ခံစာ သုံးသပ်ချက်ကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ခုနကကျွန်တော်တို့ ပေးပို့ခဲ့တဲ့အမှုတွဲတွေကို တရားလွှတ်တော်အသီးသီးကနေ ပြန်လာပါတယ်။ အများစုသည် တာဝန်ကျေ၊ ဝတ္တရားကျေ ပြန်လာတဲ့သဘောဖြစ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ တိုင်စာအမှုတွဲပြတဲ့ ပြည်သူတွေများ အနနဲ့လည်း ကျွန်တော်တို့ထံရော ကော်မတီထံကိုရော တောက်လျှောက် သူတို့အမှုတွဲတွေ ဘယ်လိုရှိလဲ တရားလွှတ်တော် အသီးသီးက ဘယ်လိုပြင်ဆင် ဆောင်ရွက်ပေးလဲ ဆိုပြီးတော့ မေးခွန်းတွေကလည်း မေးကြပါတယ်။ ကျွန်တော်တို့မှာ ခိုင်လုံတဲ့အဖြေ ပြန်မပေးနိုင်ခဲ့ပါဘူး။ ခုနက တိုင်ကြတဲ့ ပြည်သူတွေရဲ့ မျက်နှာကို ပြန်မကြည့်ရဲ့တဲ့အချိန်မျိုး ရောက်နေပါတယ်။ ဒါကြောင့်မို့လို့ ကော်မတီရဲ့ လိုလားချက်ကတော့ တရားလွှတ်တော် အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ တရားသူကြီးများကိုလည်းပဲ ထိခိုက် နစ်နာစေလိုတဲ့ သဘောထား မရှိပါဘူး။ သို့သော်လည်းပဲ အောက်ခြေမှာတော့ဖြင့် တရားစီရင်ရေးမဏ္ဍိုင် ဟာ တိမ်းစောင်း ယိုင်းယိုင်နေပါတယ်။ လာတ်ပေး လာတ်ယူမှုတွေနဲ့ အဂတိတရားတွေ ဖုံးလွမ်းနေပါတယ်။ လာတ်ပေးလာတ်ယူမှု ဆိုတဲ့ နေရာမှာလည်း အင်မတန်သိမ်မွေ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဘယ်လိုမှ သက်သေ အထောက်အထား ရှာလို့မရနိုင်ပါဘူး။ ပေးတဲ့သူကလည်း သူလာတ်ပေးရပါတယ်လို့ သူမတိုင်ရဲပါဘူး။ တိုင်လို့ရှိရင်လည်း ဥပဒေအရ သူလည်း အရေးယူခံမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြည်သူများ ကြားမှာတော့ဖြင့် လာတ်ပေးလာတ်ယူ သဘောတွေဟာ အခုပိုပိုများနေတယ်။ တရားစီရင်ရေး မဏ္ဍိုုင်က တိမ်းစောင်းတယ် ဆိုပြီးမှာ အသံတွေက ကျယ်ကျယ်လောင်လောင် ထွက်နေကြပါတယ်။ ကျွန်တော်တို့လည်း ဒီမေးခွန်းတွေ အမေးခံနေရပါတယ်။ တစ်ချို့ဟာ ဆိုလို့ရှိရင် ဒါဖြစ်ရင် ခင်ဗျားတို့ တရားစီရင်ရေး ဥပဒေက ကော်မတီတွကို ဘာကြောင့် ခွဲထားပါသလဲ။ ဖွဲ့ဖို့လိုသေးလား။ ပြည်သူတွေရဲ့ အဖြစ်က မကာကွယ်နိုင်ဘူးလား။ မကာကွယ်နိုင်ဘူးဆိုရင် အဲဒီကော်မတီလိုသလား အဲလို မေးခွန်တွေချည်း ကျွန်တော်တို့ မေးလာနေကြပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လိုလားတာကတော့ ကော်မတီအနေနဲ့ တရားလွှတ်တော် အသီးသီးရဲ့ လုပ်ငန်းကို စွက်ဖက်ခြင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ပို့တဲ့ စာကိုယ်က ညှိနှိုင်းတင်ပြအပ်ပါသည်။ ပြန်လည် သုံးသပ် ဆောင်ရွက်ဖို့ရာ ညှိနှိုင်း တင်ပြအပ်ပါသည် ဆိုပြီးတော့ သုံးပါတယ်။ ကျွန်တော်တို့က နောက်တစ်ခါ သူတို့ပို့တဲ့အမှုတွဲတွေပေါ်မှာ လေးလေးစားစား ပြန်ပြီးတော့ သုံးသပ်စီစစ် ရပါတယ်။ အရေးယူသင့်တဲ့ တရား သူကြီးများ တရားရေးနယ်ပယ်က ပုဂ္ဂိုလ်များကိုလည်း အရေးယူစေချင်ပါတယ်။ အခုကြည့်လို့ရှိရင် တရားသူကြီးတွေ မှားတဲ့အခါကျတော့ သဘောရိုးနဲ့ မှားတယ်လို့ပဲ ပြန်ဖြေပါတယ်။ ရှေ့နေအချို့မှားရင်တော့ အရေးယူတာ တွေ့ရပါတယ်။ တစ်ခြားဝန်ထမ်း တစ်ချို့ဆိုရင်လည်း အရေးယူတာ တွေ့ရပါတယ်။ တရားရုံးများကို သွားကြည့်လို့ ရှိရင် အခုကျွန်တော်တို့ ပေါ့လေ ခုနကတရားရုံး ဝန်ထမ်းတွေရယ် အမှုပွဲစားတွေရယ် သက်သေ အတူတွေရော ခြေချင်းလိမ် နေပါတယ်။ ရှုပ်ယှက်ခတ်နေပါတယ်။ ဒါ အမှန်တရားဖြစ်ပါတယ်။ ဇာတ်ရှုပ်နေတယ်ဆိုတာ တကယ်ကို ရှုပ်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတရားစီရင်ရေး မဏ္ဍိုင်တော့ဖြင့် ကြံခိုင်ဖို့ဆိုရင်တော့ ဆုပေး ဒဏ်ပေးစနစ်ကို ထိရောက်စွာကျင့်သုံးဖို့ လိုအပ်လာပြီလို့ တင်ပြလိုပါတယ်။ တစ်ဖက် ကလည်းပဲ ဒီလိုမှ မရလို့ရှိရင် နည်းလမ်း သုံးသွယ် တင်ပြခဲ့ပါတယ်။ ပထမ နည်းလမ်းကတော့ တရားစီရင်ရေး မဏ္ဍိုင် အဆင့်ဆင့်၊ တရားလွှတ်တော် အဆင့်ဆင့်မှာ လက်ရှိ တရားသူကြီးများ မကပဲနဲ့ ပြင်ပက သီလ၊ သမာဓိ တရားနှင့် ပြည့်စုံတဲ့ ဥပဒေ ပညာရှိများကိုပါ ထည့်သွင်း ဖွ့ဲစည်းတဲ့နည်း။ နံပါတ်(၂)က တရားလွှတ်တော် အသီးသီးမှာ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းတဲ့နည်း၊ နံပါတ် (သုံး) ကတော့ ဂျာမဏီပုံစံ ဖွဲ့စည်းတဲ့နည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နံပါတ်(၂) နည်းကို ခုနက ပြည်သူ့ ကိုယ်စားလှယ်များနှင့် ကြီးကြပ် စီမံနည်းက အလိုအပ်ဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ ခုနက ပြန်တင်ပြလို့ရှိရင် ဒီအစီရင်ခံစာရေးတာ ကျွန်တော်တို့အတွက် တာဝန်ကြီးပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက မကြာခဏ လမ်းညွှန်တာ ရှိပါတယ်။ လွှတ်တော်သည် လူတစ်ဦး တစ်ယောက် အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးအတွက် လုပ်ဆောင်နေခြင်းမဟုတ်ဘူး သန်း (၆၀) မျှသော နိုင်ငံသား တိုင်းရင်းသား ပြည်သူများ အတွက် လုပ်ရန်ဖြစ်သည်ဆိုတဲ့ အားပေး စကားလိုပဲ ကျွန်တော်တို့ ပြည်သူအများစု ဘက်ကနေပြီးမှ ပြည်သူများ အကျိုးကို မျှော်ကိုးပြီးမှ တင်ပြခြင်းဖြစ်ပါကြောင်း တင်ပြရင်း ကျွန်တော် နိဂုံးချူပ်အပ်ပါတယ်။
