ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးကို ကျွန်တော် ဒုတိယ ရှေ့နေချုပ်မှ လေးစားစွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါတယ်။ စစ်ကိုင်းဒေသကြီး၊ ကောလင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက တင်ပြတဲ့ အမှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က အမှုဖြစ်ပြီးတော့ ဒီသက်သေ ထွက်ချက်များ အပြည့်အစုံပါဝင်တဲ့ အမှုတွဲဟာလည်း တရားရုံးမှာသာရှိတဲ့အတွက်ကြောင့် တရားရုံးကသာ အမှုတွဲ ပေါ်ပေါက်ချက် အပြည့်အစုံကို သိရှိနိုင်မှာဖြစ်ပါတယ်။ အလားတူပဲ ရဲစစ်ကူ အမှုတွဲဟာလည်း ရဲတပ်ဖွဲ့ မှာပဲရှိတာဖြစ်ပါတယ်။ တရားရုံးစီရင်ချက် အပေါ်မှာ လေ့လာတွေ့ရှိချက်များအရ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ကန့်ဘလူမှာ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကျွန်းကျေးရွာမှာ မအေးအေးဆင့်ဟာ ကောလင်း မြို့နယ် ခမောက်တောင် ဘုးရားပွဲမှာ ပွဲကြည့်နေရာကနေပြီးတော့ မနက် ၁ နာရီခန့်အချိန်မှာ အစ်ကို ဝမ်းကွဲဖြစ်တဲ့ နိုင်ဝင်းနဲ့အတူ ဘုးရားပွဲခင်း အရှေ့ဘက်ကိုထွက်ပြီးတော့ အပေါ့စွန့်ပြီးတော့ ရေခပ်ရန် သွားဖို့ လုပ်စဉ်မှာ လူ ၃ ဦးကနေပြီးတော့ သူတို့ကို ခေါ်သွားတဲ့ အကြောင်း မအေးအေးဆင့်ဟာ ၂ ဦးက ဆွဲခေါ်စဉ်မှာ ၁ ဦးက နိုင်ဝင်းကို တုတ်နဲ့ ရိုက်ကြောင်း အဲဒီနောက်မှာတော့ လူ ၃ ဦးက မအေးအေးဆင့် ကို ရိတ် လုပ်တဲ့အပြင် နိုင်ဝင်းကလည်း ဒဏ်ရာရရှိ သေဆုံးခဲ့တဲ့ အမှုဖြစ်ပါတယ်။ ဒီအမှုမှာ ကောလင်း ရဲစခန်းမှူးက နေပြီးတော့ တရားခံ မှားယွင်း တရားစွဲဆိုခဲ့ကြောင်း CID က ဒုတိယရဲမှူးက တာဝန်အရ စစ်ဆေးပြီးတော့ တရားခံ အစစ်အမှန်ဖြစ်တဲ့ ဆန်းဦးပါ ၃ ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းကြောင်း တရားရုံးကို တင်ပြထားပါလျက် တရားသူကြီးက ထိုရဲမှူးကို ဆင့်ခေါ်စစ်ဆေးခြင်းမပြုဘဲနဲ့ မူလဆွဲတင်ထားတဲ့ တရားခံဝင်းအောင်အပေါ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ တင်ပြထားပါတယ်။ ဒီအမှုဟာ ကသာခရိုင် တရားရုံးက ချမှတ်တဲ့ အမိန့်မှာ သေဒဏ်ပါရှိတဲ့ အတွက်ကြောင့် တရားရုံးချုပ်အဆင့်အထိ သေဒဏ် လည်း အတည်ပြုမှု ကြားနားပြီးဖြစ်ပါတယ်။ စီရင်ချက်ပါ ဖော်ပြထားချက်တွေ အရတော့ တရားခံဟာ ပြစ်မှု ကျူးလွန်ကြောင်းကို နစ်နာတဲ့သူ မအေးအေးဆင့်ကိုယ်တိုင်က ဖော်ထုတ်စွပ်စွဲခြင်း ပြစ်မှုကျူးလွန် သူကို တရားလိုက မှတ်မိတဲ့အတွက် လူစီတန်းပြသရာမှာလည်း အာဒီတီဖိုင် လုပ်နိုင်ခြင်း၊ တရားခံကို မှန်ကန်ကြောင်း စွဲပြနိုင်ခြင်း ရဲကရယူခဲ့တဲ့ ဟုဘရင့် တွေမှာလည်း တရားခံဝင်းအောင်ရဲ့ ဝဲဘက် ခြေပုံစံနဲ့ ပုံသဏ္ဌာန်တူကြောင်း CID ရဲ့ပြန်ကြားချက်များရရှိခဲ့ခြင်း ရုံးချိန်းထွက်ချက်တွေအရ ဒီအခင်း မဖြစ်မီညက တရားခံဝင်းအောင်ကနေပြီးတော့ မနက်ဖြန်ညမှာ ဂွင်ဖန်ပြမယ်လို့ ပြောခဲ့တဲ့အကြောင်း ဒါလည်း ပရီးပရီပရယ် ကွန်တန် အဖြစ် စဉ်းစားနိုင်တဲ့ အချက်များ ပေါ်ပေါက်ခဲ့ကြောင်း အချုပ်ပြော ရလို့ရှိရင်တော့ တရားခံပြစ်မှု ကျူးလွန်ကြောင်း ကွင်းဆက်တွေပေါ်ပေါက်ခဲ့တဲ့အတွက် တရားရုံး စီရင် ချက်ဟာ မှန်ကန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နောက် CID ရဲ့ တရားခံမှားကြောင်း ဖော်ထုတ်ချက်ဟာ အမှန်ဖြစ်တယ်လို့ ဆိုပေမယ့်လည်း ဒီ CID အမှုစစ်ရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ချက် တရားခံပြေး အမှုစွဲတင်တာတို့၊ ဥပဒေအကြံတောင်းတာတို့ ဆောင်ရွက်ခဲ့တာတွေ မရှိခဲ့ပါဘူး။ နောက် ကျွန်တော်တို့ တရားခံဘက်တင်ပြချက်တွေကို စိစစ်ကြည့်မယ်ဆိုရင် တရားခံဝင်းအောင်နဲ့ ကျန် တရားခံတွေဟာ အခင်းဖြစ်ညက ပွဲခင်းမှာ တွေ့ဆုံတယ်ဆိုတဲ့အချက်ပေါ်မှာ အငြင်းမပွားတာကို တွေ့ရပါတယ်။ ဝင်းအောင်နှင့် အောင်ဆန်းဦးတို့က အဲဒီည ၂ နာရီမှာ အိမ်ပြန်အိပ်ခဲ့ကြောင်း၊ စေဝေမိုးက ဦးလေးရဲ့ အကြော်ဆိုင်မှာ ညအိပ်ခဲ့ကြောင်း ထုချေချက်ဟာ ယေဘုယျထုချေချက် ဖြစ်ကြောင်း တွေ့ရပါတယ်။ ဝင်းအောင်ကို လူစီတန်းမပြမီက အချုပ်ခန်း TV ကင်မရာ ရှေ့မှာ ရပ်ပြ စေခဲ့ကြောင်း ထုခြေချက်ဟာလည်း ဒါပြန်ခေါ် စစ်မေးတဲ့ အချိန်ကျမှ မေးမြန်းပေါ်ပေါက်တာဖြစ်တဲ့ အတွက်ကြောင့် နောက်မှကြားရတဲ့ ထုချေချက်လို့ သုံးသပ်ရမယ့်အခြေအနေဖြစ်ပါတယ်။ တရားခံပြ သက်သေ၊ သက်သေအမှတ် ၈ ရဲ့ ဦးညွန့်အောင်ရဲ့ ထွက်ဆိုချက်မှာ အခင်းဖြစ်ည ၁၂ နာရီခန့်မှာ စန်းဦးနှင့် ဗိုလ်နီတို့ကို ပွဲခင်းမှာရှိတဲ့ ဂျင်းဝိုင်းမှာ ဂျင်းထိုးနေတာ မြင်တဲ့အကြောင်း၊ အဲဒီတုန်းက ဆန်းဦးက ကျွန်တော် လက်လွန်ခဲ့ပြီးလို့ ပြောကြားခဲ့ကြောင်း အဲဒီနောက် ဆန်းဦးနှင့် ဗိုလ်နီ၊ ဗိုလ်လင်း နှင့် မောင်ကြီးတို့ကို ဈေးတန်းအကြော်ဆိုင်မှာ တွေ့ရကြောင်း ထွက်ဆိုထားတဲ့ အတွက် တရားလိုရဲ့ ထွက်ချက်ပါ ဒီအခင်း ဖြစ်ချိန် ည ၁ နာရီခွဲနှင့်လည်း အချိန်တွေက ကွဲလွဲနေတာကို စိစစ်တွေ့ရ ပါကြောင်း ဒါ့အပြင် ပြစ်မှုကျူးလွန်တဲ့သူ တစ်ဦးအနေနဲ့ ဒီလို ဂျင်းထိုးလိုက်၊ အကြော်ဆိုင် ထိုင်လိုက်နဲ့ သာမန် ပွဲလာသူတွေလို အေးဆေးစွာ နေထိုင်ပြုမှုနိုင်မယ့် မဟုတ်လို့ မဟုတ်ဘူးလို့လည်း သုံးသပ် ရရှိ ပါကြောင်း ဒါအပြင်မှာ တရားခံ သက်သေ မခင်ခင်ဝင်းသည် အစ်မအရင်း တစ်ဦးအနေနဲ့ ဆန်းဦးက ဆွဲကြိုးလာ ပေါင်ပြီးတော့ တစ်လ အတွင်းမှာ ပြန်ရွေးသွားတယ် ဆိုတဲ့အချက်ဟာလည်း မောင်အရင်း အပေါ်မှာ အစ်မတစ်ဦးရဲ့ ထွက်ချက် အနေနဲ့ သာဘာဝနဲ့ ဆန့်ကျင်နေတယ်လို့ပဲ တရားရုံး အနေနဲ့ ယူဆရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအမှုမှာ တရားလိုဘက် တင်ပြချက်တွေ အပေါ် တရားခံဘက်က ကောင်းစွာ ချေဖျက်နိုင်ခြင်း မရှိခဲ့ဘဲနဲ့ အခင်းဖြစ်အမှုကို တရားခံတွေက ကျူးလွန်ကြောင်း ပေါ်လွင်တဲ့ အတွက်ကြောင့် ကသာ ခရိုင် တရားရုံးကနေပြီး တရားခံ ၃ ဦးကို ပြစ်မှုစီရင်ခဲ့ခြင်းဟာ ဥပဒေအရ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း သုံသပ်ရရှိပါတယ်။ ဥပဒေကြောင်းအရ အဲဒီတုန်းက တကယ်လို့ CID ကနေပြီး တရားစွဲတင်မယ် ဆိုရင်တောင်မှပဲ ယခင်စွဲတင်ထားတဲ့အမှုကို ဥပဒေသဘောအရ ပယ်ဖျက်ရုပ်သိမ်းလို့ မရပါဘူး။ နှစ်မှုစလုံးကို Parellel ယှဉ်ပြီးတော့၊ စစ်ဆေးပြီးတော့ ဒီအယူခံ အဆင့် မှာပဲဖြစ်ဖြစ်၊ မူလ အဆင့်မှာပဲဖြစ်ဖြစ် မီရာ အဆင့်မှာ ပေါ်ပေါက်ချက်အရ စီရင်သွားဖို့ပဲ ရှိမှာဖြစ်ပါ တယ်။ ကျွန်တော်တို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး အနေနဲ့တော့ ဒီအမှု တည်ဆောက်ခဲ့မှု အပေါ်မှာ ထွီထွိုင်ရယ် အိုပီနီယမ် နဲ့ The During the ထွိုင်ရယ် မှာ နိုင်ငံတော် ကိုယ်စားလိုက်ပါ ဆောင်ရွက်ခဲ့ ရာမှာ စီရင်ချက် အနေနဲ့ ကြည့်မယ် ဆိုရင်တော့ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းလိုက်တဲ့ အခြေအနေ မရှိဘူးလို့ပဲ ကျွန်တော်တို့ အနေနဲ့ သုံးသပ်ပါတယ်။ အခုကိစ္စကတော့ နောက်မှာ စိစစ်စုံစမ်း တွေ့ရှိ ချက်ရှိတယ်လို့ ဖော်ပြချက် ဖြစ်ပြီးတော့ တရားစွဲတင်နိုင်တဲ့ အခြေအနေလည်း မဖြစ်ခဲ့တဲ့အတွက် ကြောင့်မို့လို့ ယခင် အမှုပေါ်မှာ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ မှားတယ်လို့ ဆုံးဖြတ်ဖို့ကတော့ သင့်၊ မသင့် စဉ်းစားသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဦးထွန်းထွန်းဦး (ဒုတိယ ရှေ့နေချုပ်)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးကို ကျွန်တော် ဒုတိယ ရှေ့နေချုပ်မှ လေးစားစွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါတယ်။ စစ်ကိုင်းဒေသကြီး၊ ကောလင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက တင်ပြတဲ့ အမှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က အမှုဖြစ်ပြီးတော့ ဒီသက်သေ ထွက်ချက်များ အပြည့်အစုံပါဝင်တဲ့ အမှုတွဲဟာလည်း တရားရုံး မှာသာရှိတဲ့အတွက်ကြောင့် တရားရုံးကသာ အမှုတွဲ ပေါ်ပေါက်ချက် အပြည့်အစုံကို သိရှိနိုင်မှာဖြစ်ပါတယ်။ အလားတူပဲ ရဲစစ်ကူ အမှုတွဲဟာလည်း ရဲတပ်ဖွဲ့ မှာပဲရှိတာဖြစ်ပါတယ်။ တရားရုံးစီရင်ချက် အပေါ်မှာ လေ့လာတွေ့ရှိချက်များအရ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ကန့်ဘလူမှာ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကျွန်းကျေးရွာမှာ မအေးအေးဆင့်ဟာ ကောလင်း မြို့နယ် ခမောက်တောင် ဘုးရားပွဲမှာ ပွဲကြည့်နေရာကနေပြီးတော့ မနက် ၁ နာရီခန့်အချိန်မှာ အစ်ကို ဝမ်းကွဲဖြစ်တဲ့ နိုင်ဝင်းနဲ့အတူ ဘုးရားပွဲခင်း အရှေ့ဘက်ကိုထွက်ပြီးတော့ အပေါ့စွန့်ပြီးတော့ ရေခပ်ရန် သွားဖို့ လုပ်စဉ်မှာ လူ ၃ ဦးကနေပြီးတော့ သူတို့ကို ခေါ်သွားတဲ့ အကြောင်း မအေးအေးဆင့်ဟာ ၂ ဦးက ဆွဲခေါ်စဉ်မှာ ၁ ဦးက နိုင်ဝင်းကို တုတ်နဲ့ ရိုက်ကြောင်း အဲဒီနောက်မှာတော့ လူ ၃ ဦးက မအေးအေးဆင့် ကို ရိတ် လုပ်တဲ့အပြင် နိုင်ဝင်းကလည်း ဒဏ်ရာရရှိ သေဆုံးခဲ့တဲ့ အမှုဖြစ်ပါတယ်။ ဒီအမှုမှာ ကောလင်း ရဲစခန်းမှူးက နေပြီးတော့ တရားခံ မှားယွင်း တရားစွဲဆိုခဲ့ကြောင်း CID က ဒုတိယရဲမှူးက တာဝန်အရ စစ်ဆေးပြီးတော့ တရားခံ အစစ်အမှန်ဖြစ်တဲ့ ဆန်းဦးပါ ၃ ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းကြောင်း တရားရုံးကို တင်ပြထားပါလျက် တရားသူကြီးက ထိုရဲမှူးကို ဆင့်ခေါ်စစ်ဆေးခြင်းမပြုဘဲနဲ့ မူလဆွဲတင်ထားတဲ့ တရားခံဝင်းအောင်အပေါ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ တင်ပြထားပါတယ်။ ဒီအမှုဟာ ကသာခရိုင် တရားရုံးက ချမှတ်တဲ့ အမိန့်မှာ သေဒဏ်ပါရှိတဲ့ အတွက်ကြောင့် တရားရုံး ချုပ်အဆင့်အထိ သေဒဏ် လည်း အတည်ပြုမှု ကြားနားပြီးဖြစ်ပါတယ်။ စီရင်ချက်ပါ ဖော်ပြထားချက်တွေ အရတော့ တရားခံဟာ ပြစ်မှု ကျူးလွန်ကြောင်းကို နစ်နာတဲ့သူ မအေးအေးဆင့်ကိုယ်တိုင်က ဖော်ထုတ်စွပ်စွဲခြင်း ပြစ်မှု ကျူးလွန် သူကို တရားလိုက မှတ်မိတဲ့အတွက် လူစီတန်းပြသရာမှာလည်း အာဒီတီဖိုင် လုပ်နိုင်ခြင်း၊ တရားခံကို မှန်ကန်ကြောင်း စွဲပြနိုင်ခြင်း ရဲကရယူခဲ့တဲ့ ဟုဘရင့် တွေမှာလည်း တရားခံဝင်းအောင်ရဲ့ ဝဲဘက် ခြေပုံစံနဲ့ ပုံသဏ္ဌာန် တူကြောင်း CID ရဲ့ပြန်ကြားချက်များရရှိခဲ့ခြင်း ရုံးချိန်းထွက်ချက်တွေအရ ဒီအခင်း မဖြစ်မီညက တရားခံဝင်းအောင်ကနေပြီးတော့ မနက်ဖြန်ညမှာ ဂွင်ဖန်ပြမယ်လို့ ပြောခဲ့တဲ့အကြောင်း ဒါလည်း ပရီးပရီပရယ် ကွန်တန် အဖြစ် စဉ်းစားနိုင်တဲ့ အချက်များ ပေါ်ပေါက်ခဲ့ကြောင်း အချုပ်ပြော ရလို့ရှိရင်တော့ တရားခံပြစ်မှု ကျူးလွန်ကြောင်း ကွင်းဆက်တွေပေါ်ပေါက်ခဲ့တဲ့အတွက် တရားရုံး စီရင် ချက်ဟာ မှန်ကန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နောက် CID ရဲ့ တရားခံမှားကြောင်း ဖော်ထုတ်ချက်ဟာ အမှန်ဖြစ်တယ်လို့ ဆိုပေမယ့်လည်း ဒီ CID အမှုစစ်ရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ချက် တရားခံပြေး အမှုစွဲတင်တာတို့၊ ဥပဒေအကြံတောင်းတာတို့ ဆောင်ရွက်ခဲ့တာတွေ မရှိခဲ့ပါဘူး။ နောက် ကျွန်တော်တို့ တရားခံဘက်တင်ပြချက်တွေကို စိစစ်ကြည့်မယ်ဆိုရင် တရားခံဝင်းအောင်နဲ့ ကျန် တရားခံတွေဟာ အခင်းဖြစ်ညက ပွဲခင်းမှာ တွေ့ဆုံတယ်ဆိုတဲ့အချက်ပေါ်မှာ အငြင်းမပွားတာကို တွေ့ရပါတယ်။ ဝင်းအောင်နှင့် အောင်ဆန်းဦးတို့က အဲဒီည ၂ နာရီမှာ အိမ်ပြန်အိပ်ခဲ့ကြောင်း၊ စေဝေမိုးက ဦးလေးရဲ့ အကြော်ဆိုင်မှာ ညအိပ်ခဲ့ကြောင်း ထုချေချက်ဟာ ယေဘုယျထုချေချက် ဖြစ်ကြောင်း တွေ့ရပါတယ်။ ဝင်းအောင်ကို လူစီတန်းမပြမီက အချုပ်ခန်း TV ကင်မရာ ရှေ့မှာ ရပ်ပြ စေခဲ့ကြောင်း ထုခြေချက်ဟာလည်း ဒါပြန်ခေါ် စစ်မေးတဲ့ အချိန်ကျမှ မေးမြန်းပေါ်ပေါက်တာဖြစ်တဲ့ အတွက်ကြောင့် နောက်မှကြားရတဲ့ ထုချေချက်လို့ သုံးသပ်ရမယ့်အခြေအနေဖြစ်ပါတယ်။ တရားခံပြ သက်သေ၊ သက်သေအမှတ် ၈ ရဲ့ ဦးညွန့်အောင်ရဲ့ ထွက်ဆိုချက်မှာ အခင်းဖြစ်ည ၁၂ နာရီခန့်မှာ စန်းဦးနှင့် ဗိုလ်နီတို့ကို ပွဲခင်းမှာရှိတဲ့ ဂျင်းဝိုင်းမှာ ဂျင်းထိုးနေတာ မြင်တဲ့အကြောင်း၊ အဲဒီတုန်းက ဆန်းဦးက ကျွန်တော် လက်လွန်ခဲ့ပြီးလို့ ပြောကြားခဲ့ကြောင်း အဲဒီနောက် ဆန်းဦးနှင့် ဗိုလ်နီ၊ ဗိုလ်လင်း နှင့် မောင်ကြီးတို့ကို ဈေးတန်းအကြော်ဆိုင်မှာ တွေ့ရကြောင်း ထွက်ဆိုထားတဲ့ အတွက် တရားလိုရဲ့ ထွက်ချက်ပါ ဒီအခင်း ဖြစ်ချိန် ည ၁ နာရီခွဲနှင့်လည်း အချိန်တွေက ကွဲလွဲနေတာကို စိစစ်တွေ့ရ ပါကြောင်း ဒါ့အပြင် ပြစ်မှုကျူးလွန်တဲ့သူ တစ်ဦးအနေနဲ့ ဒီလို ဂျင်းထိုးလိုက်၊ အကြော်ဆိုင် ထိုင်လိုက်နဲ့ သာမန် ပွဲလာသူတွေလို အေးဆေးစွာ နေထိုင်ပြုမှုနိုင်မယ့် မဟုတ်လို့ မဟုတ်ဘူးလို့လည်း သုံးသပ် ရရှိ ပါကြောင်း ဒါအပြင်မှာ တရားခံ သက်သေ မခင်ခင်ဝင်းသည် အစ်မအရင်း တစ်ဦးအနေနဲ့ ဆန်းဦးက ဆွဲကြိုးလာ ပေါင်ပြီးတော့ တစ်လ အတွင်းမှာ ပြန်ရွေးသွားတယ် ဆိုတဲ့အချက်ဟာလည်း မောင်အရင်း အပေါ်မှာ အစ်မတစ်ဦးရဲ့ ထွက်ချက် အနေနဲ့ သာဘာဝနဲ့ ဆန့်ကျင်နေတယ်လို့ပဲ တရားရုံး အနေနဲ့ ယူဆရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအမှုမှာ တရားလိုဘက် တင်ပြချက်တွေ အပေါ် တရားခံဘက်က ကောင်းစွာ ချေဖျက်နိုင်ခြင်း မရှိခဲ့ဘဲနဲ့ အခင်းဖြစ်အမှုကို တရားခံတွေက ကျူးလွန်ကြောင်း ပေါ်လွင်တဲ့ အတွက်ကြောင့် ကသာ ခရိုင် တရားရုံးကနေပြီး တရားခံ ၃ ဦးကို ပြစ်မှုစီရင်ခဲ့ခြင်းဟာ ဥပဒေအရ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း သုံသပ်ရရှိပါတယ်။ ဥပဒေကြောင်းအရ အဲဒီတုန်းက တကယ်လို့ CID ကနေပြီး တရားစွဲတင်မယ် ဆိုရင်တောင်မှပဲ ယခင်စွဲတင်ထားတဲ့အမှုကို ဥပဒေသဘောအရ ပယ်ဖျက်ရုပ်သိမ်းလို့ မရပါဘူး။ နှစ်မှုစလုံးကို Parellel ယှဉ်ပြီးတော့၊ စစ်ဆေးပြီးတော့ ဒီအယူခံ အဆင့် မှာပဲဖြစ်ဖြစ်၊ မူလ အဆင့်မှာပဲဖြစ်ဖြစ် မီရာ အဆင့်မှာ ပေါ်ပေါက်ချက်အရ စီရင်သွားဖို့ပဲ ရှိမှာဖြစ်ပါ တယ်။ ကျွန်တော်တို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး အနေနဲ့တော့ ဒီအမှု တည်ဆောက်ခဲ့မှု အပေါ်မှာ ထွီထွိုင်ရယ် အိုပီနီယမ် နဲ့ The During the ထွိုင်ရယ် မှာ နိုင်ငံတော် ကိုယ်စားလိုက်ပါ ဆောင်ရွက်ခဲ့ ရာမှာ စီရင်ချက် အနေနဲ့ ကြည့်မယ် ဆိုရင်တော့ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းလိုက်တဲ့ အခြေအနေ မရှိဘူးလို့ပဲ ကျွန်တော်တို့ အနေနဲ့ သုံးသပ်ပါတယ်။ အခုကိစ္စကတော့ နောက်မှာ စိစစ်စုံစမ်း တွေ့ရှိ ချက်ရှိတယ်လို့ ဖော်ပြချက် ဖြစ်ပြီးတော့ တရားစွဲတင်နိုင်တဲ့ အခြေအနေလည်း မဖြစ်ခဲ့တဲ့အတွက် ကြောင့်မို့လို့ ယခင် အမှုပေါ်မှာ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ မှားတယ်လို့ ဆုံးဖြတ်ဖို့ကတော့ သင့်၊ မသင့် စဉ်းစားသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
