ဥက္ကဋ္ဌ။ ။လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၇ အရ အမျိုးသား လွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီး သော တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်းကို လွှတ်တော်က ၁၅-၈-၂၀၁၂ ရက်တွင် လက်ခံရရှိ ပါတယ်။ ယင်းဥပဒေကြမ်း၏ မိတ္တူများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီထံ စိစစ်နိုင်ရန် နှင့် ကိုယ်စားလှယ်များထံ လေ့လာနိုင်ရန် ဖြန့်ဝေ ထားပြီးဖြစ်ပါတယ်။ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးမယ့်ရက်ကို ထပ်မံကြေညာပါမယ်။ ဥပဒေကြမ်းကော်မတီအနေနဲ့ ယင်းဥပဒေကြမ်းကို စိစစ်ပြီး ကော်မတီ၏ အစီရင်ခံစာနှင့်အတူ လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းရမှာဖြစ်ပါ တယ်။ ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်များ ရှိပါက ဆွေးနွေးလိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက် တိကျစွာ ဖော်ပြ၍ ၂၄-၈-၂၀၁၂ ရက်နေ့ ၁၃၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့ လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေး ကြရန်ဖြစ်ကြောင်း အသိပေးကြေညာ ပါတယ်။
