အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့ လာသော နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေး တင်ပြခြင်း

ဥက္ကဋ္ဌ။       ။လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ပြည်သူ့ လွှတ်တော်မှာ စတင်ဆွေးနွေး အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ထားသော နိုင်ငံခြား ဆက်ဆံရေး အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ၂၈-၆-၂၀၁၂ ရက်မှာ အမျိုးသား လွှတ်တော်က ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အတိုင်း သဘောတူကြောင်း ပြင်ဆင်ချက် မရှိ ပြန်လည် ပေးပို့လာပါတယ်။ ဒါကြောင့် လွှတ်တော် နှစ်ရပ်က သဘောတူတယ်လို့ မှတ်ယူမှာ ဖြစ်တဲ့ အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၁ အရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး တင်ပြပါတယ်။
 

Standard (Image)