ဦးအောင်မြသန်း (ညောင်တုန်း မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း

ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်ဆုံး အပိုဒ်လေးပဲ တင်ပြအကြံပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တရားသူကြီးများ အဂတိလိုက်စားလို့ ရှိရင် အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေအရ လည်းကောင်း၊ ယခင် ရာဇသတ်ကြီး ဥပဒေ၊ ယခု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၄၊ ၁၆၅၊ ၁၆၆၊ ၁၆၇ တို့အရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၂ နှင့် ၃၁၁ တို့အရ လည်းကောင်း အရေးယူနိုင်ကြောင်း ဥပဒေများရှိပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အသံတွေ ဘာဖြစ်လို့ ဒီလောက် ကျယ်နေရ သလဲဆိုတော့ ကျွန်တော်‌့ အနေနဲ့ သုံးသပ်မိတာက ဗဟိုမှ အောက်ခြေအထိ ကြီးကြပ်မှု အားနည်း တယ်လို့ သုံးသပ်မိပါတယ်။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးမှု အားနည်းနေကြောင်း သုံးသပ် တွေ့ရှိရပါတယ်။ မည်‌့သို့ပင် ဖြစ်စေ ကျွန်တော်တို့ လွှတ်တော်မှ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု အဆင်‌့ အဖွဲ့အစည်းများဖြစ်တဲ့ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၊ တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်း အေးချမ်းရေး ကော်မတီများ အနေဖြင့် တရားရေး မဏ္ဍိုင် မယိမ်းယိုင်နိုင်ရန် အတွက် ပြည်သူများ ရပိုင်ခွင့်များ အပြည့်အဝ ရရှိစေရန် အတွက် တရားရုံး အဆင်‌့ဆင့်အား ယခုထက် စောင့်ကြည်‌့ ထိန်းညှိ ကူညီဆောင်ရွက်ရန် သင်‌့ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။

Standard (Image)