ဦးစီခန်ရမ် (ခေါင်လန်ဖူးမဲဆန္ဒနယ်) က မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းများ ပြုစုထားရှိရေး ” အဆိုကိုဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်  လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း ဂါရဝပြုအပ်ပါတယ်။  ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ကန့်ဘလူမဲဆန္ဒနယ်မှ ဒေါက်တာချမ်းငြိမ်း တင်သွင်းခဲ့သော မြန်မာနိုင်ငံတိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေဓလေ့ ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်းထားရှိရေးအဆိုကို ခေါင်လန်ဖူးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျွန်တော် ဦးစီခန်ရမ်က ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် နေထိုင်ကြောင်း ဖွဲ့စည်းပုံအ‌ွခေခံဥပဒေတွင် အတည်ပြုပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင် ရေးကာလတွင် တိုင်းရင်းသားလူမျိုးအားလုံးသည် မိမိတို့နေထိုင်ကြရာ ဒေသအသီးသီး၌ ရရာလက်နက်ဖြင့် တော်လှန်ခဲ့ကြပါတယ်။ သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်သည် တိုင်းရင်းသား လူမျိုးအားလုံး၌ ခိုအောင်းနေခြင်းကြောင့် ဖြစ်ပါတယ်။ သွေးချင်းသာရင်းများဖြစ်၍ အရေးကြီးရင် သွေးနီးကြပြီး နယ်ချဲ့ကို ဆန့်ကျင်ကြခြင်းဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်စဉ်တွင် တစ်မျိုးသားလုံး တစ်လုံးတစ်ဝတည်း ဖြစ်နေသည်ကို နယ်ချဲ့အင်္ဂလိပ်သိရှိကြ၍ ကိုလိုနီ ခေတ်တွင်ရေးသားသော သမိုင်းအဖြစ်အပျက်များသည် သတင်းစာ၊ ပြန်တမ်း၊ ဆောင်းပါးများ ရေးသားရာ၌ တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲစရာနဲ့ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့တစ်မျိုး မုန်းတီးစရာ ရေးသားထားကြသည်ကိုလည်း လေ့လာတွေ့ရှိရပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲစေရန်နှင့် တိုင်းရင်းသားအချင်းချင်း သံသယဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရေးသား ခဲ့သည်ကို လေ့လာတွေ့ရှိရပါတယ်။ ဥပမာ- ၁၉၇၁ ခုနှစ်၊ မတ်လထုတ် ဗိုလ်တစ်ထောင် သတင်းစာပါ မြစ်ဖျားဧရာ ရောင်စုံဖြာဆောင်းပါ၌ နာမည်ကျော် သတင်းစာဆရာကြီးတစ်ဦးက ရဝမ်းတိုင်းရင်းသား များ လူမျိုးများရဲ့ သမိုင်းကို မမှန်မကန် ရေးသား၍ လူထုဆန္ဒပြမှုဖြစ်ပွားပြီး ဆောင်ပါးရှင်ကိုယ်တိုင် ဗိုလ်တစ်ထောင် သတင်းစာတွင် ဝန်ချတောင်းပန်၍ ယင်းဆောင်းပါးကို ရုပ်သိမ်းခဲ့သော ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ပါတယ်။

ဥက္ကဋ္ဌခင်ဗျား။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် တိုင်းရင်းသား လူမျိုးများ၏ သမိုင်းစာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို နိုင်ငံအဝန်းကွင်းဆင်း လေ့လာ၍ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာစာအုပ်များ ထုတ်ဝေခဲ့ပါတယ်။ အဆိုပါ စာအုပ်များတွင်လည်း ပြည့်စုံမှုမရှိတဲ့အပြင်၊ လေ့လာတွေ့ရှိရတဲ့အပြင် ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် မထုတ်ဝေနိုင်ခဲ့၍ တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းစာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းများ ဒီ့အတွက် အလွန်နည်းပါးနေသည်ကို တွေ့ရပါတယ်။ အခုလက်ရှိ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာ၌ မီဒီယာအခန်းကဏ္ဍသည် အလွန်အရေးကြီးပါတယ်။ လက်ရှိဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးများ တွင်လည်း တိုင်းရင်းသားလူမျိုးများရဲ့ အကြောင်းနဲ့ပတ်သက်၍ ရေးသားကြရာတွင် နယ်ချဲ့ရဲ့ မွေဆိုး များဖြစ်သော မမှန်မကန်ရေးသားမှုကို အ‌ွခေခံ၍ ရေးသားကြသည်ကို လေ့လာဖတ်ရှုရပါတယ်။ သက်သေသာဓက အားဖြင့် ပြရမယ်ဆိုရင် မြန်မာပြည်မြောက်ဖျား ခါကာဘိုရာဇီသဘာဝ ဥယျာဉ် လေ့လာရေး ခရီးရောက်ခဲ့ဖူးသော နိုင်ငံခြားသားတစ်ဦးက Beyond the Last Wading စာအုပ်တွင် လည်းကောင်း၊ နိုင်ငံခြားခရစ်ယာန်ဆရာတစ်ဦးက The Doubt Purpose ခဲလဗန့်  most From စာအုပ်တွင်လည်းကောင်း ရဝမ် တိုင်းရင်းသားများရဲ့ ဂုဏ်သိက္ခာကို ထိပါးညိုးနွမ်းစေသော ရေးသား မှုများ ရေးခဲ့သည်ကို ဖတ်ရှုလေ့လာ ရပါတယ်။ ဤကဲ့သို့ မှားယွင်းစွာ ရေးသားခြင်းသည် ယင်းတို့နှင့် ပေါင်းသင်း ဆက်ဆံနေသော နိုင်ငံခြားသားများနှင့် ဧည့်လမ်းညွှန်များသည် တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းစာပေ၊ ယာဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းများကို ကိုယ်တိုင်လေ့လာမှုမရှိဘဲ နယ်ချဲ့အင်္ဂလိပ် လပ်ထက်ရေးသားခဲ့သော စာအုပ်စာတမ်းများကို ကိုးကားဖတ်ရှုပြီး မှားယွင်းစွာ ကိုးကားကြခြင်းဖြစ် ပါတယ်ကို တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားလူမျိုးအသီးသီးသည် မိမိတို့ရဲ့ ချစ်ခင်မြတ်နိုးသော စာပေ၊ ယာဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများကို စနစ်တကျမှတ်တမ်းတင်ရေးသား ပြုစုလျက်ရှိကြ ပါတယ်။ စာပေနှင့် ယဉ်ကျေးမှုကော်မတီများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိပြီး မိမိတို့ရဲ့သမိုင်းဖြစ်ရပ အမှန်ကို ဖော်ထုတ်နေကြပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတစ်ရာကျော်ရှိသော်လည်း ဆင်းသက်ရာ လမ်းကြောင်း အ‌ွခေချနေထိုင်ကြရာဒေသပေါ်မူတည်ပြီး စကားစာပေ၊ ယာဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အနည်းငယ်ကွဲပြားမှာ ဖြစ်ပါတယ်။ သို့သော်လည်း တစ်အူထုန်ဆင်း၊ တစ်‌ွမေတည်းနေ၊ တစ်ရေထဲ သောက်တဲ့ သွေးချင်းသားချင်းများဖြစ်ကြ၍ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းစာပေ၊ ယာဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အလွယ်တကူ လေ့လာနိုင်ရန် စွယ်စုံကျမ်း အမှန်တကယ်လိုအပ်နေသည်ကို တွေ့ရှိရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ တိုင်းရင်းသား လူမျိုးစည်းလုံး ညီညွတ်ရေးပိုမိုကျစ်လစ် ခိုင်မာစေရန် ပြည်ထောင်စု တိုင်းရင်းသားများရဲ့ အကြောင်းကို မြန်မာနှင့် ကမ္ဘာက အလွယ်တကူ လေ့လာ သိရှိနိုင်ရန် ကန့်ဘလူ မဲဆန္ဒနယ် ဒေါက်တာချမ်းငြိမ်း တင်သွင်းခဲ့သော မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့ သမိုင်း ယာဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွယ်စုံ ကျမ်းပြုစုရေးသားခြင်း အဆိုကို အလေးအနက် ထောက်ခံကြောင်း တင်ပြရင်း နိဂုံးချုပ် ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Standard (Image)