လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဂါရဝပြုလျက် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ကင်းပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ စစချင်းတော့ ကျွန်တော်တစ်ခုပြောချင်ပါတယ်။ ကျွန်တော်တို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်း အဝေးမှာ (၁၇) ရက်မြောက် အစည်းအဝေး အစီအစဉ်မှာ ကျွန်တော်တို့ စွယ်စုံကျမ်းဆိုတာ ပါခဲ့ပါတယ်။ မှတ်တမ်းစွယ်စုံ ဒီနေ့ကျတော့ စွယ်စုံ ပျောက်သွားပါတယ်။ ကျွန်တော်တို့ စွယ်စုံလုပ်တဲ့အခါ အဲဒီလို စွယ်စုံ ပျောက်သွားရင်တော့ ကျွန်တော်တို့ စွယ်စုံမဖြစ်တော့ဘူး။ အကုန်လုံး အဓိပ္ပာယ်မရှိဘူး ဖြစ်သွား ပါလိမ့်မယ်။ အဲဒီ ၁၃ ရက်အကြာမှာ အဲဒီစွယ်စုံ ပျောက်သွားပါတယ်။ ဒီမှာ ဒေါက်တာချမ်းငြိမ်း၊ ကန့်ဘလူမဲဆန္ဒနယ်၏ မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းတင် အဲဒီစွယ်စုံကျမ်း မပါတော့ဘူး ပြုစုထားရှိရေးအဆိုကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ဆိုပြီးတော့ အစီအစဉ်မှာ ပါဝင်နေပါတယ်။ အဲဒါလည်း ကျွန်တော်တို့ ဟာကွက်တစ်ခုပါ။
ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ တိုင်းရင်းသားများဆိုသော ဝေါဟာရသည် မြန်မာပြည်၌ ဘိုးဘေးစဉ်လာ ရှေးပဝေသဏီကပင် နေထိုင်လာခဲ့သည့် ဒေသခံတို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်တော်က ရခိုင်ရာဇဝင် ပြောရင်တော့ ရှည်နေဦးမှာပဲ။ တိုတိုလေးပဲ ပြောပါမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်၏ ရာဇဝင်ကတော့ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ ွမောက်ဦးခေတ်၊ ဒီသုံးခေတ် လေးခေတ်ကို ဖြတ်သန်းပြီးတော့ လာခဲ့ရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အနောက်ဖက်တံခါးကို စောင့်ရှောက်ကာကွယ်နေသော ဒေသခံ ရခိုင်၊ သက်၊ မြို၊ ခမီ၊ ဒိုင်းနက်နဲ့ မရမသီးများသည်သာ တိုင်းရင်းသားအစစ်အမှန်ဖြစ်ပါသည်။ ကျွန်တော်က ရခိုင်ပြည်နယ် တိုင်းရင်းသား မျိုးနွယ်စုဖြစ်နေ၍ လည်းကောင်း၊ ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပေးထားတဲ့ အာကာနဲ့ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးရေးကော်မတီတွင် ယဉ်ကျေးမှု ကော်မတီဝင်ဖြစ်နေ၍လည်းကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသား၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့်ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်းပြုစုရေး အဆိုကို ကြိုဆို ထောက်ခံပါတယ်ခင်ဗျား။ ကျွန်တော်သည် ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးပေါင်းမြောက်မြားစွာကို ပန်းချီမင်းညို ကလောင် အမည်ဖြင့် ဒေသမဂ္ဂဇင်းတို့တွင် ရေးခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသားများ လူမျိုးအချင်းချင်း ယဉ်ကျေးမှု ဖလှယ်နိုင်ရန် ဦးဦးဖျားဖျား ရခိုင်ဘာသာစကားဖြင့် သမိုင်းနဲ့ခေတ်ပေါ်ဇာတ်လမ်းများ ရခိုင်ဗွီဒီယို ဇာတ်လမ်းများကို ကျွန်တော်တို့ ထုတ်လုပ်နေပါတယ်။ အခုထိ ထုတ်လုပ်နေပါတယ်။ သို့သော် ခေတ်မီနည်းပညာများ အားနည်းချက်ကြောင့် ဆောင်းပါး ရေးရာတွင် နဂိုရှိရင်းစွဲ ရှေးဟောင်း လက်ရာများကို ပကတိအတိုင်း ဖော်ပြရန် ခက်ခဲပါတယ်။ ရုပ်ဝတ္ထုအစစ်အမှန်ကို ဖော်ပြလိုသော် လည်း ပန်ချီစွမ်းအားကို အသုံးပြုရ၍ အားရကျေနပ်မှုမရှိခဲ့ပါတ။ ရှေးဟောင်းရခိုင်နန်းတော်များ ပျက်စီးခဲ့သော်လည်း မြောက်ဦးခေတ်တွင် ဓာတ်ပုံရိုက်ကူးရေး မပေါ်ပေါက်သေးသဖြင့် အနောက်နိုင်ငံ ပေါ်တူဂီဘုန်းတော်ကြီး မန်နရိတ်နဲ့အတူ ပါလာတဲ့ ပန်ချီဆရာကြီးတွေရဲ့ ပန်းချီကားများကို ကျေနပ် နှစ်သိမ့်ခဲ့ရပါတယ်။ အင်္ဂလန်ရှေးဟောင်းပြတိုက် Museum တွင် ရှေးဟောင်းပုံများ၊ ပုဂ္ဂိုလ်ရေး အရ ကူးယူရန် မစွမ်းဆောင်နိုင်ခဲ့ပါ။ အားနည်းချက်ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကျမ်းပြုလိုလျှင် တိုင်းတစ်ပါးတွင် ရှိသော ပစ္စည်းများကို ကူးယူရန်လွယ်ကူပါမည်။ ဒါကာပြတိုက်၊ ( Dacca Museum ၊အင်္ဂလန်ပြတိုက်(England Museum)၊ ရခိုင်နဲ့ဗမာ သမိုင်းအထောက်အထားများ ရှိပါတယ်။ အစိုးရချင်းဆက်သွယ်လျှင် ပြတိုက်များမှ ကူးယူ၍ လွယ်ကူပါမည်။ စွယ်စုံကျမ်းများ ပြုစုလို ပါက နိုင်ငံခြားပြတိုက်များတွင်ရှိသော မင်းအသုံးအဆောင်ပစ္စည်း၊ လူ့အသုံးအဆောင်ပစ္စည်း များကို လက်မလွတ်ဘဲ မိတ္တူကူး၍ ဖော်ပြရန် အရေးကြီးပါတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သမိုင်း ယာဉ်ကျေးမှုစာပေ၊ ထုံးတမ်းများကို လစ်ဟင်းပါက စွယ်စုံမဖြစ်ဘဲ ဖြစ်နေပါလိမ့်မယ်။ ကျောက်စာ၊ ပေစာ၊ ခေါင်းလောင်းစာ၊ ရွှေတန်းကား၊ ငွေတန်းကား၊ ကျုံးွမောင်း၊ ပြအိုး၊ တနိုင်း၊ ဝတ်စားဆင်ယဉ်မှုပါမကျန် ခေတ်မီကိရိယာများဖြင့် အတိအကျကူးယူပြီး ကျွန်တော်တို့ တပင်တည်းမှာ ပေါက်တဲ့ အသီးတရာအညာတစ်ခု တိုင်းရင်းသား တစ်ရာ့သုံးဆယ်နဲ့ ငါးမျိုးအတွက် စွယ်စုံကျမ်းပြုစု နိုင်ပါမှ တိုင်းရင်းသားများ၏ အကြောင်းကို မှတ်တမ်းတင်ရာလည်း ရောက်ပါမယ်။ ပီပြင်လာမည် ဖြစ်ပါတယ်။ ဒေါက်တာချမ်းငြိမ်းရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။ ကျန်းမာကြပါစေအားလုံး။
