ပြည်သူ့ လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၆၇ အရ အမျိုးသား လွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီး ဖြစ်သော မြေသိမ်း (သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က ၂၁-၈-၂၀၁၂ ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ယင်းဥပဒေကြမ်း၏ မိတ္တူများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီထံ စိစစ်နိုင်ရန်နှင့် ကိုယ်စားလှယ်များထံ လေ့လာနိုင်ရန် ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ယင်းဥပဒေကြမ်းကို စိစစ်ပြီး ကော်မတီရဲ့ အစီရင်ခံစာ နှင့်အတူ လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းရမှာဖြစ်ပါတယ်။ ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်များကရှိပါ က ဆွေးနွေးလိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာ ဖော်ပြ၍ ၃၁-၈-၂၀၁၂ ရက်နေ့ ၁၃း၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးရန်ဖြစ်ကြောင်း အသိပေး ကြေညာပါတယ်။
