ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြစတွေးလျနိုင်ငံ သြစတွေးလျအောက် လွှတ်တော်ဥက္ကဋ္ဌနှင့် အထက် လွှတ်တော်ဥက္ကဋ္ဌတို့ရဲ့ ဖိတ်ကြားချက်နှင့် စင်ကာပူသမ္မတနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌတို့ရဲ့ ဖိတ်ကြားချက်များအရ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သြစတြေး လျနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့ပါသည်။ ထို့အပြင် စတုတ္ထပုံမှန် အစည်းအဝေးနှင့် ပဉ္စမပုံမှန် အစည်းအဝေး ကြားကာလ အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အောက်ပါ ခရီးစဉ်များကို သွားရောက်ခဲ့ပါသည်-
(က) ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင် သောအဖွဲ့၏ ၈-၇-၂၀၁၂ ရက်နေ့မှ ၁၂-၇-၂၀၁၂ ရက်နေ့အထိ အင်ဒိုနီရှားနိုင်ငံသို့ အာဆီယံပါလီမန် အမတ်များညီလာခံ အမှုဆောင် အစည်းအဝေးနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အချက်အလက် ရှာဖွေရေးကော်မတီရဲ့ နဝမအကြိမ် အစည်းအဝေး တက်ရောက်ခဲ့တဲ့ ခရီးစဉ်၊
(ခ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်သော အဖွဲ့၏ ၁၆-၈-၂၀၁၂ ရက်နေ့မှ ၂၅-၈-၂၀၁၂ ရက်နေ့အထိ တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်၊
(ဂ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် ခေါင်းဆောင်သည့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ ဦးပါဝင်သော အဖွဲ့၏ ၉-၉-၂၀၁၂ ရက်နေ့မှ ၁၄-၉-၂၀၁၂ ရက်နေ့ထိ အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့် လေ့လာ ရေးခရီးစဉ်၊
(ဃ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်တင် ခေါင်းဆောင်သည့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးပါဝင်သော အဖွဲ့၏ ၁၆-၉-၂၀၁၂ ရက်နေ့မှ ၂၂-၉-၂၀၁၂ ရက်အထိ အင်ဒိုနီရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး (၃၃) ကြိမ်မြောက် AIPA ညီလာခံတက်ရောက်ခဲ့သည့်ခရီးစဉ်၊
(င) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင် ပါဝင်သောအဖွဲ့၏ ၂၄-၉-၂၀၁၂ ရက်နေ့မှ ၁-၁၀-၂၀၁၂ ရက် နေ့အထိ အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေအထွေညီလာခံသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်၊
(စ) အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း ခေါင်းဆောင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးပါဝင်သော အဖွဲ့၏ ၁၅-၁၀-၂၀၁၂ ရက်နေ့မှ ၁၉-၁၀-၂၀၁၂ ရက်နေ့အထိ ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(ဆ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၉ ဦး ပါဝင်သောအဖွဲ့၏ ၁၅-၁၀-၂၀၁၂ ရက်နေ့မှ ၁၉-၁၀-၂၀၁၂ ရက်နေ့ထိ အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီး သွားရောက်ခဲ့သည့်ခရီးစဉ် တို့ဖြစ်ပါသည်။ ထိုခရီးစဉ်များအား မှတ်တမ်းတင်ထားရှိကြောင်း သိရှိရပါသည်။
