ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ ရှိချက်အစီရင်ခံစာကို ဒေါက်တာစိုးမိုးအောင်မှ လွှတ်တော်သို့ဖတ်ကြား တင်သွင်းခြင်း

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ဖတ်ကြား တင်သွင်းရာတွင်-

၁။       ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှပေးပို့လာ သည့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၈၀၊ နည်းဥပဒေခွဲ(က)အရ ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးရန် ပေးပို့လာပါကြောင်း၊

၂။       ၁၈၈၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် India Act – IV 1882 အရ အတည်ပြုပြဋ္ဌာန်းခဲ့သော The Transfer Of Property Act တွင် အခန်း(၈)ခန်း၊ ပုဒ်မပေါင်း ၁၃၇ ခုပါရှိပြီး လွှတ်တော်သို့ တင်သွင်းလာသည့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပုဒ်မ (၇) ခုဖြင့် စကားရပ်များအစားထိုးပြင်ဆင်ထားခြင်းနှင့် ပယ်ဖျက်ထားခြင်းတို့ကို လေ့လာတွေ့ရှိရပါကြောင်း၊

၃။       ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် တင်သွင်းလာသည့် ဥပဒေကြမ်းကို ဥပဒေကြမ်းများ စိစစ်ရာတွင် လိုက်နာရမည့်အချက် ၁၂ ချက်နှင့်ညီညွတ်ခြင်းရှိ၊ မရှိစိစစ်ရန် ၃၁.၁၂.၂၀၁၂  ရက်နေ့တွင် ညှိနှိုင်းအစည်းအ‌ဝေးများကျင်းပခဲ့ပါကွောင်း၊

၄။       ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် စကားရပ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၇ ခုပါရှိပါသည်။ ယင်းဥပဒေပုဒ်မတစ်ခုချင်းအလိုက် စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း -

(က)    ပြင်ဆင်ချက်ပုဒ်မ ၁ မူလပြဋ္ဌာန်းချက်မရှိ၊ ပြင်ဆင်သည့်ပြဋ္ဌာန်းချက်မှာ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟုဖြစ်ပါသည်။

(ခ)     ပုဒ်မ ၂ မူလပုဒ်မ ၅၄ One hundred Kyats အစား One hundred thousand kyats ဟု ပြင်ဆင်ရန်လည်းကောင်း

(ဂ)     ပုဒ်မ ၃ ပုဒ်မခွဲ(က) မူလဥပဒေ က(၁) Government Of India or ဟူသည်‌့စကားရပ်အား ပယ်ဖျက်ရန်

ပုဒ်မခွဲ(ခ) မူလဥပဒေ က(၁) The Government Of the Union Of Burma ဟူသည်‌့စကားရပ် အစား The Government of the Republic of the Union  of Myanmar ဟူ၍လည်းကောင်း

ပုဒ်မခွဲ(ဂ) မူလပုဒ်မ (င) the High Court ဟူသည့်စကားရပ်အစား the High Court of the Region or the High Court of the State ဟုပြင်ဆင်ရန်လည်းကောင်း

(ဃ)    ပုဒ်မ ၄ မူလပုဒ်မ ၅၈(စ) in any of the following towns, namely, the towns of Yangon, Mawlamyine, Pathein and Sittwe, and in any other town which the president of the Union may, by notification in the Gazette, specify in this behalf ဟူသည့်စကားရပ်အား ပယ်ဖျက်ရန်

(င)     ပုဒ်မ ၅ မူလပုဒ်မ ၅၉ One hundred kyats ဟူသည့်စကားရပ်အစား One hundred thousand kyats  ဟု ပြင်ဆင်ရန်လည်းကောင်း

(စ)     ပုဒ်မ ၆ မူလပုဒ်မ ၆၉(၁)/(ဂ) Situate within the towns of Yangon, Mawlamyine, Pathein, Sittwe or in any other town of area which the President of the Union may, by notification in the Gazette, specify in this behalf ဟူသည့်စကားရပ်အစား ကျွန်တော်တို့ ဖြန့်ဝေထားတဲ့အစီရင်ခံစာမှာ ပယ်ဖျက်ရန်ဟူ၍ မှားယွင်းရိုက်နှိပ် ဖော်ပြထားပါတယ်ကြောင်း အမှန်မှာ စကားရပ်အစားထိုးပြင်ဆင်မှာဖြစ်ကွောင်း ပြန်လည် ပြင်ဆင် ထားတဲ့အစီရင်ခံစာကို လွှတ်တော်ကိုလည်း ပြန်လည်ဖြန့်ဝေသွားမှာ ဖြစ်ကြောင်း

(စ)     ပြင်ဆင်သည့်စကားရပ်မှာ Situate and any Town of Republic of the Union  of Myanmar ဟူသည့်စကားရပ်နဲ့အစားထိုးမှာဖြစ်ပါကွောင်း၊

(ဆ)    ပုဒ်မ ၇ မူလပုဒ်မ ၁၀၄ the High Court ဟူသည့်စကားရပ်အစား the Supreme Court of the Union ဟု စကားရပ်ချင်းအစားထိုးပြင်ဆင်မှာဖြစ်ပါကြောင်း၊

၅။       အထက်ဖော်ပြပါ စကားရပ်အစားထိုးပြင်ဆင်ချက်များသည် ခေတ်ကာလနှင့်ကိုက်ညီစေရန် လည်းကောင်း၊ ပြောင်းလဲလာသော ခေတ်ကာလအခြေအနေအရ စကားရပ်ပြင်ဆင်ခြင်း များဖြစ်၍ လည်းကောင်း ပြင်ဆင်သင့်သည့်အချက်များဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊

၆။       သို့ဖြစ်ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှရေးဆွဲတင်ပြလာသည့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်မှအတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၄၄ အရစိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြ ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖတ်ကြားသွားပါသည်။

Standard (Image)