ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၁၅

    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၉ နာရီတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော အဖွဲ့ဝင်များအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
    အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦးတီခွန်မြတ်၊ အတွင်းရေးမှူး ဒေါက်တာနေလင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    ထိုသို့တွေ့ဆုံရာတွင်  ICRC မှ လွှတ်တော်များသည် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အလွန်အရေးပါသောကဏ္ဍတွင်ရှိပါကြောင်း၊ ဥပဒေရေးရာကိစ္စရပ်များနှင့် သက်ဆိုင်ရာနယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် မြန်မာ-ICRC ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
    တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ICRC ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
 

Standard (Image)