ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၃ နည်းဥပဒေ (ဂ)အရ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြု ချက်ရယူခြင်း

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၃ နည်းဥပဒေ (ဂ)အရ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြု ချက်ရယူခြင်း

      

ဦးသန်းမြင့်(ဆားလင်းကြီးမဲဆန္ဒနယ်)။       ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တက်ရောက် လာကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များဟာ ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လွှတ်တော်အတွင်း မှာ မေးခွန်းများ၊ အဆိုများ၊ မေးမြန်းခဲ့ကြပါတယ်။ သက်ဆိုင်ရာတာဝန်ရှိတဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများကလည်း ကျွန်တော်တို့ လာရောက်‌ွဖေကြားကတိပေးခဲ့တဲ့ အ‌ွခေအနေမျိုးတွေလည်း တွေ့ရှိခဲ့ရပါတယ်။ အချိန်ကို လေးစားသောအားဖြင့် တချို့သော မေးခွန်းများကို စာဖြင့်ရေးသားပြီး ကြယ်ပွင့်မပြမေးခွန်းဖြင့် တင်ပြပြီးတော့ အဖြေတောင်းယူ၍လည်း ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ ကော်မတီက ညှိနှိုင်းပြီး ၎င်းကိစ္စကို ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စနစ်တကျအ‌ွဖေတောင်းခံပြီးတော့မှ ဒီအစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ကတိပေးပြီး ဆောင်ရွက်ခြင်းမရိသည့်လုပ်ငန်းများကို အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းလျက်ရှိပါတယ်။ အချိန်ကာလတစ်ခုဆိုသည်မှာ ဘတ်ဂျက်နှစ် မကုန်ခင်စပ်ကြားမှာ လုပ်ငန်းမပြီးပြတ်သေးတဲ့ကိစ္စရှိနိုင်ပါတယ်။ ဒီလို ရှိနိုင်တဲ့ကိစ္စမျိုးအတွက် အချိန်လေးကို စောင့်ဆိုင်း နေခြင်းဖြစ်ပါတယ်။ မပြီးပြတ်တဲ့အ‌ွခေအနေ၊ မပြီးပြတ်တဲ့လုပ်ငန်းတွေအားလုံးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့၊ သက်ဆိုင်ရာလွှတ်တော်ရုံး၊ သက်ဆိုင်ရာကိုယ်စားလှယ်များထံလည်း အသီးသီးဖတ်ရှုနိုင်အောင်လည်း မေးမြန်းနိုင်အောင် ညှိနှိုင်းနိုင်အောင် ကျွန်တော်တို့ တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် အတွက် ကျွန်တော်‌့အနေနဲ့ အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။  ။  အဆိုကို အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်ရဲ့ သဘောထားရယူပါမယ်။ လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။  ။  လွှတ်တော်က သဘောတူတဲ့အတွက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

Standard (Image)